ရန်ကုန်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးရှိ ကံပြားရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၅ လုံး မီးလောင် ပြာကျခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
ကံပြားကျေးရွာကို အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၈ လုံး ပြာကျခဲ့ပြီး စက်တင်ဘာ ၉ ရက်နေ့တွင် ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံး ထပ်မံ ပြာကျခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကံပြားကျေးရွာကို ၂ ကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း နေအိမ် ၂၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒီပဲယင်းမြို့သိမ်း တိုက်ပွဲအပြီး မြို့ပေါ်သို့ ထပ်တိုး အင်အားဖြည့် အထိုင်ပြန်ချထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဒီပဲယင်းမြို့ပေါ်ရှိ ပြည်သူပိုင်နေအိမ်များနှင့် မြို့အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar