32.5 C
Yangon

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ သဲဖြူချောင်းတံတား စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းရှိ သဲဖြူချောင်းတံတား စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ် အကြား ရန်ကုန် – မော်လမြိုင် လမ်းပိုင်းရှိ သဲဖြူချောင်းတံတား ရဲနှင့် စစ်သား ပူးပေါင်း ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ် အကြား ရန်ကုန် – မော်လမြိုင် ကားလမ်းမကြီးအတွင်းရှိ သဲဖြူချောင်းတံတား (သံတံတား) ရဲနှင့်စစ်သား ပူပေါင်းဂိတ်စခန်းကို ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျိုက်ထိုမြို့နယ် အခြေစိုက် ဒတရ ၆၀၂ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲတွင် စစ်သား ၄ ဦးနှင့် ရဲ ၃ ဦး​သေဆုံးခဲ့ပြီး စစ်သားနှင့်ရဲ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်း တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ သူရိယစစ်ကြောင်းက ရဲဘော် ၁ ဦး တိုက်ပွဲတွင် မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၁၁ နာရီ ခန့်တွင် တပ်ရင်း -၇၈၀၅ ၊ တပ်ခွဲ -၄ မှ ရဲဘော် များပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ အနေဖြင့် စစ်အာဏာရှင်စနစ်ကျ ဆုံးသည်အထိ ဆက်လက်၍ တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ ကျိုက်ထို (ပကဖ)၊ သူရိယစစ်ကြောင်း ၊ တပ်ရင်း – ၅ ၊ တပ်ခွဲ – ၁ ၊ TPDF Drone အဖွဲတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article