ရန်ကုန်၊ စက်တင်ဘာ ၁၂
ယမန်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်၊ ကုလသမဂ္ဂ အထွေထွညီလာခံတွင် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ (78th Session of the United Nations General Assembly – 78th UNGA) ပိတ်ပွဲအခမ်းအနားနှင့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (79th Session of the United Nations General Assembly – 79th UNGA) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနှင့် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ပိတ်ပွဲအခမ်းအနား ကျင်းပရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. António Guterres က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ၏ သဘာပတိဖြစ်သူ H.E. Mr. Dennis Francis က တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း “ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တိုးတက်ရေးနှင့် ရေရှည်တည်တံခိုင်မြဲရေး” မျှော်မှန်းချက်အောက်မှ စွမ်းဆောင်ခဲ့မှု များကို အသိအမှတ်ပြုပြောကြားသည်။
ထို့နောက် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံအတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံထားရသည့် President-elect ဖြစ်သူ ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Mr. Philemon Yang က ကုလသမဂ္ဂကျင့်ထုံးနှင့် အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Mr. Dennis Francis ထံမှ Gavel အား လွှဲပြောင်းလက်ခံခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ အပါအဝင် နိုင်ငံကိုယ်စားပြုခွင့် ကိုယ်စားလှယ်နေရာများကို အဆုံးဖြတ်ပေးမည့် အဖွဲ့ဝင် ၉ နိုင်ငံ ပါရှိသည့် Credentials Committee ကို အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြင့် ဖွဲ့စည်းခန့်အပ်လိုက်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar