31 C
Yangon

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားပြီး ဆိုင်းတောင်တစ်ခုလုံးကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီး ဆိုင်းတောင်တစ်ခုလုံးရှိ စစ်ကောင်စီတပ်များ ထွက်ခွာခွင့်မရရှိစေရန် တော်လှန်ရေးတပ်များက ပိတ်ဆို့ထားကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF အပါအဝင် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားသည်ဆိုသော လူထု၏သတင်းပေးပို့ချက်ရရှိထားကြောင်း၊ လက်ရှိတွင် တော်လှန်ရေးတပ်များက ဆိုင်းတောင်တစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“အခု ဆိုင်းတောင်ရဲစခန်းရရှိပြီဆိုတဲ့ လူထုသတင်းပေးပို့ချက်တော့ရရှိထားပါတယ်။ တာဝန်ရှိသူတွေဘက်ကတော့ ပြောလာတာမရှိသေးဘူး။ အခုက ဆိုင်းတောင်တစ်ခုလုံးကို ကျနော်တို့တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။ Lucky Man ဟိုတယ်မှာရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေကတော့ အဲဒီအထဲမှာပဲရှိတုန်းပဲထင်တယ်။ ရဲစခန်းဘက်ကို သွားသလားဆိုတာတော့ ထပ်ပြီးတော့ Update လုပ် မေးကြည့်ရမယ်” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဆိုင်းတောင်ရဲစခန်းကို KIA ၊ PDF ပူး ပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်၍ ဖားကန့်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရန်အတွက် စစ်ကောင်စီတပ်စခန်း ၆ ခုသာ ကျန်ရှိတော့ပြီး အဆိုပါ စစ်ကောင်စီတပ်စခန်း ၆ ခုမှာ ကံစည်းဗျူဟာကုန်း၊ အောင်ဘာလေတပ်စခန်း၊ မဇွပ်ယန်ထောင် တပ်စခန်း၊ လယ်ပြင်ယမ်းချက်၊ ဖားကန့်ဗျူဟာကုန်းနှင့်ဖားကန့်ရဲစခန်း တို့ ကျန်ရှိသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article