31 C
Yangon

လားရှိုးတွင် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသော အမှတ် ၁ ပြည်သူ့ဆေးရုံကြီးက ကလေး ၄၀၀ ကျော်ကို ကာကွယ်ဆေးများ ထိုးနှံပြီးစီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့တွင် CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် အမှတ် ၁ ပြည်သူ့ဆေးရုံကြီးက ကလေး ၄၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပြီးပြီဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၁ ရက်နေ့ လားရှိုး၊ အမှတ် ၁ ပြည်သူ့ဆေးရုံကြီးတွင် လစဉ်မွေးကင်းစကလေးများကို ကာကွယ်ဆေးထိုးနှံပေးသည့်နေ့ဖြစ်ပြီး သက် ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများ၏ စည်းရုံးမှုအောက်တွင် ဆေးရုံ၌ကလေးများ ကာကွယ်ဆေးထိုးရန်အတွက် နံနက်စောစောဆေးရုံတွင် လူများပြည့်နေခဲ့ကြောင်း၊ ယခုနှစ် မေလ ၁၁ ရက်နေ့မှ စတင်၍ အမှတ် ၁ ပြည်သူ့ဆေးရုံကြီးမှ မွေးကင်းစနှင့် အသက် ၃ နှစ်အောက် ကလေးငယ်များအတွက် လစဉ် ၁၁ ရက်နေ့တိုင်း နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ အခမဲ့ BCG ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ pentavalent ကာကွယ်ဆေးနှင့် ဝက်သက် ကာကွယ် ဆေးတို့ကို အထူးဒေသရှိ မွေးကင်းစနှင့် သင့်လျော်သော အသက်အရွယ်ရှိ ကလေးများအား အခမဲ့ ကာကွယ်ဆေးထိုးပေးနေကြောင်း သိရှိရသည်။

ကလေးငယ်များ၏ ကာကွယ်ဆေးထိုးချိန်ကို အထူးဒေသအုပ်ချုပ်မှုကော်မတီ ၏ အလေးထားမှုနှင့် ဌာနဆိုင်ရာ အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဆင့် ခြောက်ဆင့်ခွဲကာ အဆိုပါ စီမံချက်ကို ယခုအချိန်အထိ ၅ လတာ အောင် မြင် စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ အမှတ် ၁ ပြည်သူ့ဆေးရုံကြီး၏ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းသည် ချောမွေ့စွာတိုးတက်နေကြောင်း၊ အထူးဒေသရှိ ပြည်သူများက ၎င်းတို့၏ကလေးများအား ကာကွယ်ဆေးထိုးရန်အတွက် ဆေးရုံသို့ ခေါ်ဆောင်ရန် ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့်ချိန်အထိ မွေးကင်းစကလေးငယ် ၃၀၀ နီးပါးကို ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကြောင်း၊ ယင်းနေ့ တစ်နေ့လုံး ကာကွယ် ဆေးထိုးပြီးပါက ဆေးထိုးထားသည့် ကလေးငယ် အရေအတွက်သည် ၄၀၀ ကျော်မည်ဟု ခန့်မှန်းရကြောင်း သိရှိရသည်။

MNDAA ၏ စည်းရုံးမှုနှင့် လမ်းညွှန်မှုအောက်တွင် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသည့်အဖွဲ့က စနစ်တကျအဆင့်မြင့်လာပြီး ကာကွယ်ဆေးထိုးသည့်လုပ်ငန်းစဉ်တစ်ခုလုံး စနစ်တကျရှိခဲ့ကြောင်း MNDAA က ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article