24.8 C
Yangon

ရေဘေးသင့်ပြည်သူများကို ကူညီရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ “သဘာဝဘေးဒဏ် ကူညီကယ်ဆယ်​ရေး ရန်ပုံငွေ အစီအစဉ်”တွင် ပါဝင်ရန် ဖိတ်ခေါ် လိုက်ပြီး ငွေကျပ်သိန်း ၅၀ ပြည့်တိုင်း ရေဘေးသင့်ဒေသများသို့ တိုက်ရိုက်ပေးပို့မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများကို ကူညီရေး အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ “သဘာဝဘေးဒဏ် ကူညီကယ်ဆယ်​ရေး ရန်ပုံငွေ အစီအစဉ်” တွင် ပြည်သူများ ပါဝင်ကြရန် တရားဝင် ဖိတ်ခေါ်လိုက်သည်။

ပြည်သူအချင်းချင်း ကူညီနိုင်ရေးအတွက် NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ NUGPay က Disaster Relief Fund အစီအစဉ် လုပ်ဆောင်ထားပြီး ကူညီကယ်ဆယ်ရေး ရန်ပုံငွေဖြင့် ရေဘေးသင့်ပြည်သူများကို ကူညီသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ယခင်ကလို သတ်မှတ်ကာလထိ စောင့်ဆိုင်းကာ လှူဒါန်းနေမည် မဟုတ်တော့ဘဲ သိန်း ၅၀ ပမာဏ ပြည့်မီတိုင်း လိုအပ်နေသူများထံ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုပြီးစီးသမျှကို ပြည်သူလူထုထံ အမြဲ update တင်ပြပေးနေမှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကြုံရတဲ့ အချိန်တွေမှာ ကျွန်ုပ်တို့ရဲ့ ဘုံလူသားဖြစ်မှုနဲ့ မေတ္တာတရားကို အစစ်အမှန် ဖော်ညွှန်းနိုင်ပါတယ်၊ အခက်အခဲတိုင်းကို ချစ်ခြင်းမေတ္တာအားဖြင့် ကျော်ဖြတ်ကြပါစို့လား” ဟု NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ NUGPay က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article