33 C
Yangon

မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ ထွက်လာပြီး မုံရွာ -မန္တလေးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း DogDog Killers People’s Defense Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီ ၃၉ မိနစ်ခန့်အချိန် မြင်းမူမြို့တွင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများသည် မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာကြား ထွက်လာပြီး မုံရွာ -မန္တလေးလမ်းကို အသုံးပြုသွားလာနေသော ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေစဉ် ၄၀ မမ ဖြင့် ပစ်ခတ် ခဲ့ရာ စစ်သား ၃ ဦးလဲကျသွားခဲ့ကြောင်း၊ ထိုသို့လဲကျနေစဉ် လက်နက်ငယ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးကို ထပ်မံထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပြန် လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ (U.S.A.R) နှင့် (S.T.R.F) ညီနောင်မဟာမိတ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article