27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့မာရှိတဲ့ သူတို့ရဲ့ ကပစ ၂၃ တပ်က စစ်တပ်မိသားစုဝင်အားလုံးကို ရွှေ့ပြောင်းပေးလိုက်ပြီး ၊ အရာရှိနဲ့ စစ်သားတွေကို အသေခံ တိုက်ရ မယ်ဆိုပြီးတော့ပါ ညွန်ကြားထားပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးမြို့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်တဲ့သူတွေဟာ ပျူစောထီးတွေ ဖြစ်နေပြီး ၊ ရွှေ ၁၀ ပိဿာကျော်နဲ့ သိန်း ၁၀၀၀ ကျော် ပြန် လည်ရရှိထားပြီး ၊ ပြည်ကြီးတံခွန်က ဓားပြတိုက်ပြီး ကားလုယက်သွားတဲ့ ကျူးလွန်သူတွေဟာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေ ဖြစ်နေပြန်တယ်လို့ စစ်တပ်သတင်းရင်းမြစ်နဲ့ ဒေသခံ သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း ၊ ပခုက္ကူမြိုု့နယ်မှာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့လူငယ်ဟာ ထွက်ပြေးတိမ်းရှောင်သွားလို့ဆိုပြီး လေဖြတ်နေတဲ့ မိခင်ဖြစ်သူ ဒေါ်အေးကြည်ကို စစ်တပ်က ဓားစာခံဖမ်းဆီးပြီးတော့ ထွကပြေးသွားတဲ့ လူငယ်ကို စစ်မှုပြန်လာထမ်းဖို့ အကျပ်ကိုင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article