33 C
Yangon

ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင် မယား ၂ ဦးနှင့် ကလေး ၃ ဦး ရေထဲမျောပါမှု အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် နေထိုင်သော မိသားစုတစ်ခုတည်းမှ လင်မယား ၂ ဦးနှင့် ကလေး ၃ ဦး စုစုပေါင်း ၅ ဦး ရေထဲမျောပါသွားခဲ့ရာမှ အမျိုးသမီး ၁ ဦးသာ အသက်ကျန်ရစ်ပြီး ကျန်မိသားစုဝင်အားလုံး၏ အလောင်းများ ပြန်လည် ရရှိကြောင်း ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ဝမ်းတွင်းတွင် ရေကြီးမှုကြောင့် ရိုးစုံကျေးရွာတွင် နေထိုင်သော ဒေါ်အိလှိုင်၊ ခင်ပွန်း၊ သားသမီး ၃ ဦးတို့သည် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း၊ ဒေါ်အိလှိုင်မှာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အသက် ၄ နှစ်အရွယ် သမီးငယ်၏ အလောင်းကို စက် တင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရှိခဲ့ရကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင်မူ ကျန်ရှိသော ကလေး ၂ ဦးနှင့် ခင်ပွန်းဖြစ်သူ၏ အလောင်းကို ပြန်လည် ရရှိခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အိမ်လှိုင်ရဲ့ မိသားစုက စုစုပေါင်း မိသားစုဝင် ၅ ဦးရှိတာပါ။ စက်တင် ဘာလ ၁၆ ရက်နေ့က အငယ်ဆုံးကလေးလေး အလောင်း ပြန်တွေ့တယ်။ မနေ့က ခင်ပွန်းနဲ့ သားသမီးတွေ အလောင်း ပြန်ရတယ်။ စုစုပေါင်း ၄ ဦးလုံးရဲ့ အလောင်းပြန်ရပြီ။ သူတစ်ယောက်တည်းကျန်ရစ်ခဲ့တာပါ” ဟု ကယ်ဆယ်ရေးသမားတစ်ဦးက ဆိုသည်။

လက်ရှိ မန္တလေးတိုင်းအတွင်း ရေကြီးမှုများဖြစ်ပေါ်ခဲ့သော နေရာများတွင် ရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်သော်လည်း ပြန်လည် ထူထောင်ရေးနှင့် ကူညီရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ ရေကြီးမှု ကြုံခဲ့ရသော ဒေသများတွင် အကူအညီနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ပရဟိတသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article