29 C
Yangon

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးကျော်၊ တောင်သာမြို့နယ်မှ ကိုဖက်တီး၊ ကိုကုလား ၊ကိုဘောကြီး၊ကိုကျော်သက်တို့ကို စစ်ကောင်စီက သတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးကျော်၊ တောင်သာမြို့နယ်မှ ကိုဖက်တီး၊ ကိုကုလား ၊ကိုဘောကြီး၊ကိုကျော်သက်တို့ကို စစ်ကောင်စီက သတ်ဖြတ်လိုက်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကိုလှမျိုးကျော်(ခ)ကိုအီးတီ၊တောင်သာမြို့နယ်မှ ကိုဖက်တီးနှင့် ဒေသပြည်သူ ၄ ဦးတို့သည် နွေဦးတော် လှန်ရေးတာဝန်များကို ရှေ့တန်းမှ ရွတ်ရွတ်ချွံချွံထမ်းဆောင်ရင်း ကံအားလျှော်စွာ အကြမ်းဖက်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့၍ အသက်ပေးဆပ်လိုက်ရကြောင်း၊ ကိုလှမျိုးကျော်သည် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ဘဝတလျှောက်လုံးတွင် ကိုယ်ကျိုး မဖက်နေရာမယူဘဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဖြောင့်စင်းရိုးသားသော ခံယူချက်ဖြင့် ကျရာနေရာမှ နိုင်ငံသား ကောင်းပီသစွာ ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးကျော်သည် မြန်မာ့နွေဦးတော်လှန်ရေးကြီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီကို အကြမ်းမဖက်သောနည်းလမ်းမျိုးစုံဖြင့် တော်လှန်ရုန်းကန်နေခဲ့သူဖြစ်ကြောင်း၊ ထိုအပြင် နွေဦးတော်လှန်ရေးကာလအတွင်း ၎င်းတိမ်းရှောင်နေသော ဒေသ များမှ ဒေသခံကလေးငယ်များ၏ ပညာရေးအဆက်မပြတ်စေရန်အတွက်လည်း ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးစတင်ပေါ်ပေါက်လာချိန် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီအား စတင်၍ မဖွဲ့စည်း နိုင်ခင် ကာလမှစ၍ ဖွဲ့စည်းပြီးချိန်ထိ ရှေ့တန်းမှ ဦးဆောင်ပါဝင်၍ ကိုယ်ကျိုးမဖက်အသက်ကို မငဲ့ကွက်ဘဲ တော်လှန်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ အိမ်မက်ကို ခိုင်မြဲစွာစွဲကိုင်ကာ အကြမ်းဖက်စစ် ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်ရင်း အကြမ်းဖက် စစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်ခြင်းခံရ၍ မြင့်မြတ်စွာ အသက်ပေးလှူကျဆုံးသွားခဲ့ရသည့် ကိုလှမျိုးကျော်(ခ)ကိုအီးတီနှင့်တကွ တောင်သာမြို့နယ်မှကိုဖက်တီး၊ကိုကုလား၊ကိုဘောကြီး၊ကိုကျော်သက်တို့အား မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ အောက်မေ့လေးနက်စွာ ဂုဏ်ပြုမှတ်တမ်း တင်အပ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article