27 C
Yangon

ရွှေကူမှ ဗန်းမော်သို့လာသော စစ်သင်္ဘော ၇ စီးအနက်မှ ၂ စီး လက်နက် ကြီးထိမှန် နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီး၊ စစ်သင်္ဘော ၁ စီးသာ ဗန်းမော်သို့ ရောက်ရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ရွှေကူမှ ဗန်းမော်သို့ လာသော စစ်သင်္ဘော ၇ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၂ စီးသည် ဒုတိယမြစ်ကျဉ်းအထက်နားတွင် လက်နက်ကြီးထိမှန်၍ နစ်မြုပ်သွားခဲ့ကြောင်း၊ ကျန်သင်္ဘော ၄ စီးမှာ မြလယ်ရွာအနီးတွင် လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့ကြောင်း၊ စစ်သင်္ဘော ၇ စီးအနက်မှ ၁ စီးသာလျှင် ဗန်းမော်သို့ ရောက်ရှိလာကြောင်း၊ ထီးချိုင်မြို့နယ် မြတောင်တွင်လည်း စစ်သေင်္ဘာ ၂ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“လက်နက် ခဲယမ်းရိက္ခာတင်ဆောင်ထားတဲ့ အဓိကဖလက်သံခွန်သင်္ဘောအား လုံးကိုပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ပစ်ခတ်ဖျက်စီးနိုင်ခဲ့တဲ့ သင်္ဘောက အခုအချိန်အထိ စုစုပေါင်း သင်္ဘော ၈ စီးရှိပါတယ်။ ထီးချိုင့် မြတောင်မှာ​စစ် သင်္ဘော ၂စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့။ လက်နက်ခဲယမ်း ရိက္ခာ တင်လာတဲ့ စစ် သင်္ဘော အားလုံး နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရေထဲခုန်ချထွက်ပြေးသွားပါတယ်။ တချို့သော စစ်သားအ လောင်းတွေ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးနေတာတွေ့ရှိရပါတယ်။ စစ်ခွေးအရှင်တချို့ကိုလည်း ဖမ်းမိထားတာရှိပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်သင်္ဘောများ တိုက်ခိုက်ခံရသဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်မျ ားဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ နှစ်ထပ် စစ်သင်္ဘော ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article