27 C
Yangon

ဒိုက်ဦးထောင်တွင် ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား ၁ ဦး၏ ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့် နင်းကာ ရိုက်နှက်ညှဉ်းပန်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၁ ဦးထံတွင် ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက် တွေ့ရှိရသည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်များက အကျဉ်းသား၏ ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့်နင်း၍ ရိုက်နှက်မှုများပြုလုပ်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ဥပဒေမဲ့ ရိုက်နှက်ခဲ့သူမှာ အကျဉ်းဦးစီးဌာန၊ အမှတ် ၅ အိပ်ဆောင်၏ အဆောင်မှူး ရဲထွဋ်ဝင်းနှင့် ဒုတပ်ကြပ် စောအောင်ကိုလေး ဆိုသူများဖြစ်ပြီး ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် သုံးနှစ် မတရားချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁ ဦးကို ရိုက်နှက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဆောင်မှူး ရဲထွဍ်ဝင်းဟာ လုပ်ပိုင်ခွင့်အာဏာကို မတရားအသုံးချ၍ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားကို ဖိနှိပ်တဲ့နေရာမှာ ဒိုက်ဦးထောင်က အကျဉ်းဦးစီးဝန်ထမ်းတွေဟာ အရမ်းကို ဆိုးဆိုးရွားရွား ဖိနှိပ်ရိုက်နှက်လာပါတယ်။ ဒီလိုဖိနှိပ်နေသူတွေနဲ့ ထောင်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေ၊တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း မေ့မထားဘဲ စောင့်ကြည့်သွားကြဖို့ လိုအပ်တယ်လို့ ပြောပါရစေ”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ရာတွင် အဆောင်မှူး ရဲထွဋ်ဝင်းက အဓိက ဦးဆောင်၍ အကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်းခြင်း၊ မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ခြင်းများအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားမှာ ဒဏ်ရာများရရှိခဲ့ကြောင်း PPNM က ထုတ်ပြန်သည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်နှိပ်စက်ခဲ့ကြသည့် အဆောင် ၅ ၏ အဆောင်မှူး နှင့် ရိုက်နှက်မှုတွင် ပါဝင်ခဲ့သည့် အကျဉ်းဦးစီးဝန်ထမ်းများကို အကူးအပြောင်းကာလတွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ဖြစ်စဉ်မှတ်တမ်းများနှင့်တကွ စနစ်တကျ သိမ်းဆည်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က အသိပေးကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article