27 C
Yangon

ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၅ ဦးကျဆုံး

Must read

ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၅ ဦးကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့မှစ၍ ခင်ဦးမြို့နှင့် ၇ မိုင်ခန့်အကွာရှိ ၃ နှစ်ကျော် တပ်စွဲထားသော အိမ်ခြေ ၁၀၀ ကျော်ရှိ မဒေါင်းလှရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင် စစ်ဒေသ၏ ကွပ်ကဲမှူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖများ နှင့်အခြားခရိုင်နှင့်မြို့နယ်နီးစပ်ရာ မိတ်ဖက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့သော မဒေါင်းလှ ပျူစောထီးအဖွဲ့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၉ စီး၊ ထောက်ပို့ လေယာဉ် ၁ စီး တို့ဖြင့် စုစုပေါင်း အကြိမ် ၂၀ ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ တပ်သား အပါအဝင် ၁၃ ဦး၊ ပျူစောထီး ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ ဦးလည်းကျဆုံးခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြား၍ မုံရွာ နမခ မှ ဒုန်းနှင့် ဒုန်းအဖွဲ့များကို စစ်တပ် အထိုင်ချထားသည့် ကန့်ဘလူ ဇီးကုန်း သကြားစက်ကို Mi-17 ရဟတ်ယာဥ်ဖြင့် တိုက်ပွဲဖြစ်ပွားနေ့မှစ၍ စစ်ကူ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စက်တက်ဘာလ ၁ ရက်နေ့တွင် ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် မုံရွာ နမခမှ ဒုန်းအဖွဲ့များ ပူးပေါင်း၍ အင်အား ၁၇၀ ဝန်းကျင်ဖြင့် မဒေါင်းလှ ပျူစောထီးရွာကို စစ်ကူစစ်ကြောင်းထိုးပြီး အလောင်းကောက်ရန် ဝင်ရောက်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ စစ်ကူဝင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ၊ မဒေါင်းကြီး စသည့် ကျေးရွာ ၁၃ ရွာမှ နေအိမ်ခြေ ၅၀၀ ကျော်ကို စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ရက်နေ့တွင် မဒေါင်းကြီးကျေးရွာမှ G-11 ကျောင်းသား ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ပစ်ခတ် သတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ရက်နေ့ ည‌နေပိုင်းတွင် စစ်တပ်ပိုင် ဇီးကုန်း သကြားစက်ကို မဒေါင်းလှကျေးရွာမှ ကျန်ရစ်ခဲ့သော ပျူစောထီးများနှင့် မိသားစုဝင်များပါ တစ်ပါတည်းခေါ်ဆောင်ပြီး ခင်ဦးမြို့နယ်အတွင်းမှ ထွက်ပြေးသွားကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း ကာကွယ်ရေးတပ်များက နယ် ရှင်းလင်းရေးဝင်ရောက်စဉ် ပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊ သိုးအုပ်များ အပါအဝင် ပစ္စည်းတချို့ကို ပြန်လည် ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသော နေရာများကို ရှင်းလင်းရေး လုပ်ဆောင်စဉ် တော်လှန်ရေး ရဲဘော် ၂ ဦး မြေမြုပ် ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article