31 C
Yangon

သံဖြူဇရပ်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

သံဖြူဇရပ်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကုန်းမြင့်သာယာရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Taung Nyo Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်မှ ၁၂ နာရီ ၃၀မိနစ် အထိ ကုန်းမြင့်သာယာရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပျောက်ကြား ပစ်ခတ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ယင်းနေရာ၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှု ရှိမရှိကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တောင်ညိုစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ များ အထိအခိုက် အကျအဆုံး မရှိဘဲ ဆက်လက် လှုပ်ရှားနေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်မှ ၇ နာရီ ၃၅ မိနစ်ထိ သံဖြူဇရပ်မြို့နယ်ရှိ ကလိန်ပဒေါရွာ အနောက်ဘက်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသော အင်အား ၁၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တောင်ညိုစစ်ကြောင်း နှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ အဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စ စ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်မြိုနယ်ရှိ ရဲတံခွန်ရွာ သွေးသောက်ဆိုင်းဘုတ်အနီးတွင် နယ်မြေရှင်း လင်းမှု ပြုလုပ်နေသော အင်အား ၁၈၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း Taung Nyo Column တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၈ရက်နေ့တွင် ရဲတံခွန်ရွာ သွေးသောက်ဆိုင်းဘုတ်အနီး၌ အင်အား ၁၈၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မွန်းလွဲ ၂ နာရီ မှ ၂ နာရီ ၃၀ မိနစ် အထိ တောင်ညိုစစ်ကြောင်းက ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ရန်သူစစ်ကြောင်း ဘက်မှ အထိအခိုက်အကျအဆုံး ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်း တိုက်ပွဲ အပါအဝင် စက်တင်ဘာလတွင် တိုက်ပွဲစုစုပေါင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး တောင်ညို စစ်ကြောင်းက အထိအခိုက်အကျအဆုံး မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြကြောင်းသိရှိရသည်။

“ပြည်သူများအနေနဲ့ သတိပြုသွားလာဖို့နဲ့ သဘာ၀ဘေးအန္တရာယ်တွေလည်း ရှိတာမလို့ အစစအရာရာ ဂရုစိုက်စေချင်ပါတယ်” ဟု Taung Nyo Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article