28 C
Yangon

လားရှိုးနှင့် နောင်ချိုမြို့များကို ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေ ယာဉ်များဖြင့် ဗုံးကျဲချ

Must read

လားရှိုးနှင့် နောင်ချိုမြို့များကို ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေ ယာဉ်များဖြင့် ဗုံးကျဲချ

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့နှင့် နောင်ချိုမြို့များကို ညသန်း ခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန် MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း ၊ လားရှိုးမိုတယ်ရှေ့နှင့် အမှတ် ၁၂ ရပ်ကွက်ရှိ အထက ၃ ကျောင်းရှေ့ အိမ်တွင်းမှု ကျောင်းဘေးအနီးရှိ ပြောင်းပွဲရုံ တိုက်ပေါ် သို့ ကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ပြောင်းပွဲရုံတိုက် ပျက်စီးသွားကြောင်း သိရှိရသည်။

“မနေ့ည ၁၀ နာရီကျော်အချိန် အတိအကျ ဆိုရင်တော့ ည ၁၀ နာရီ ၂၀ မိနစ်လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲချတယ်။ တိုက်တော့ ပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ကသိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ် သို့ Y12 လေယာဉ်၊ တိုက် လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မနေ့ ည ၉နာရီလောက်က Y12 လေယာဉ် နဲ့တစ်ကြိမ်။ ဒီမနက် မနက် ၁ နာရီမှာ တိုက်လေယာဉ် နဲ့ ၂ ကြိမ် နောင်ချိုမြို့ပေါ်ကိုဗုံးလာကျဲသွားပါတယ်။ မနက်ခင်းက တစ်ကြိမ်နဲ့ဆို တစ်ရက်တည်း ၃ကြိမ်ပါ။ ပြည်သူတွေမှာ ကျီးလန့်စာစားဖြစ်နေပြီး ကိုယ့်အိမ်ပေါ်ဗုံးကျမယ့်အလှည်ကို ထမင်းစားပြီးစောင့်နေရသလိုပါပဲ။ ဒီခွေးတွေရန်ကြောင့် အိပ် ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဗုံးကျဲနေတာကတော့ ယုတ်ညံ့လွန်းပါတယ်။ လေယဥ်မှူးဆိုတဲ့ကောင်တွေလည်းသွေးဆာနေတဲ့ဝံပုလွေလို ပြည်သူ့အသားစားဖို့ပဲစဥ်းစားနေကြတာလား” ဟု နောင်ချိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ရရှိရေးဟုဆိုကာ ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် တိုက်လေယာဉ်များ၊ Y12 လေယာဉ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article