27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရဲ့ လေတပ်တွေမှာ တိုက်လေယာဉ် နဲ့ ဗုံးကျဲလေယာဉ်တွေ အတက် အဆင်းပြုလုပ်မယ့် အရေအတွက် ပြန်လည်များပြားနေပြီး စက်တင်ဘာလကုန်အထိ လေကြောင်း စာရင်းတွေ တက်နေတာကြောင့် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေက ပြည်သူတွေ လေကြောင်းအန္တရာယ် သတိထားကြဖို့ လိုအပ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ပေါ်က စာသင်ကျောင်း၊ လူနေရပ်ကွက် နဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမယ်ဆိုပြီး MNDAA က ထုတ်ပြန်ပြောလိုက်ပါတယ်။
  • မန္ဆလေးတိုင်း ၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် ရဲစခန်းက ကင်းပတ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်သားနဲ့ရဲ စုစုပေါင်း ၅ ဦးက သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article