26 C
Yangon

မူဆယ်တွင် နယ်မြေခံစစ်တပ်က ခွင့်ပြုထားသော ကျားဖြန့် လုပ်ငန်းတချို့ကို စစ်ကောင်စီက ပြန်ဖမ်းမှု တရုတ်ကို ကျေနပ်စေရန်နှင့် မူဆယ်ကို တော်လှန် ရေးတပ်များ လာမတိုက်ရန် ရည်ရွယ်ဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် နယ်မြေခံ စစ်တပ်က ငွေကြေးယူ ခွင့်ပြုထားသော ကျားဖြန့် လုပ်ငန်းတချို့ကို စစ်ကောင်စီက ယမန် နေ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးမှုမှာ တရုတ်နိုင်ငံကို ကျေနပ်စေရန်နှင့် မူဆယ်ကို တော်လှန်ရေးတပ်များက တိုက် ခိုက် သိမ်းပိုက်သည့် အန္တရာယ်မှ ကာကွယ်ရန်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့စက်တင်ဘာလ ၂၃ ရက်နေ့ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာရှိ ကျားဖြန့် လုပ်ကိုင်သော အဆောက်အအုံတစ်ခုကို စစ်ကောင်စီတပ်နှင့်ရဲများက ဝင်ရောက်စီးနင်းစဉ် ကျားဖြန့် လုံခြုံရေး ပြည်သူ့စစ်များနှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ကျားဖြန့်အဆောက်အအုံကို စစ်တပ်က ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုမှာ ပြည်သူ့စစ်တချို့သေတယ်။ တပ်ဘက်ကလည်း သေတယ်။ ကျားဖြန့် လုပ်တဲ့သူတွေ တရုတ်တွေရော ဗမာတွေရော တပ်က ဖမ်းသွားတယ်” ဟု မူဆယ်အခြေစိုက် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ညပိုင်း ပြည်သူ့စစ်များကို စစ်တပ်နှင့်ရဲများက လိုက်လံဖမ်းဆီးခဲ့ရာတွင်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်က “မူဆယ်ကို တော်လှန်ရေးတပ်တွေ သိမ်းမှာ စိုးရိမ်လို့ စစ်တပ်က သူခွင့်ပြုထားတဲ့ ပြည် သူ့စစ်နဲ့ ကျားဖြန့်တွေကို ပြန်အဖမ်းပြတာပဲ။ တရုတ်ကို ကျေနပ်စေဖို့နဲ့ မူဆယ်ကို လက်မလွှတ်စေရဖို့ပါပဲ။ အားလုံးက စစ်တပ်က သူ့ဖဲသူချိုးလုပ်နေတာပါ” ဟု သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – ယမန်နေ့ မူဆယ်မြို့ မင်္ဂလာ မူဆယ် အိမ်ရာမှ ကျားဖြန့်ရုံကို ဝင်ရောက် ဖမ်းဆီးထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ မူဆယ်မြို့ မင်္ဂလာ မူဆယ် အိမ်ရာမှ ကျားဖြန့်ရုံကို ဝင်ရောက် ဖမ်းဆီးထားစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article