29 C
Yangon

သီပေါမြို့နယ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၄ ဦး သေဆုံးပြီး ဖယ်ခုံတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ယမန်နေ့ညနေပိုင်း ဗုံးများကျဲချခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် သီပေါမြို့နယ်၊ မန်လီဘက် ကုန်းဆုံကျေးရွာနှင့်ကျောင်းပိန်းကျေးရွာအကြား လီဆူကျေးရွာသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် တစ်အိမ်တည်းနေ မြေးအဖွား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကလေးငယ်တချို့မှာ အပိုင်းအပိုင်းဖြစ်သွား၍ နာရေးကူညီမှု အသင်းက ကောက်ယူ သဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်များဖြစ်သော ခလရ ၂၃ ၊ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တို့ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ စစ်ကောင်စီတပ်က လေကြောင်းမှ တစ်ဆင့် တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး တိုက်ပွဲသက်ဆိုင်ခြင်းမရှိသော ကျေးရွာများသို့ပါ ဗုံးများ ကျဲချလျက်ရှိကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ရှမ်းပြည်နှင့်ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာကို စစ်ကောင်စီက လေ ယာဉ်များဖြင့် ဗုံးများကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – သီပေါမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေ ဆုံးသူပြည်သူများကို ပရဟိတအသင်းတစ်ခုက သယ်ဆောင်သဂြိုလ်နေစဉ်။

Photo- နယ်စည်းမခြားပရဟိတ(သီပေါ)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article