29 C
Yangon

တောင်သာ၊ ရတနာပုံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းမှ ဗုံးကျဲ၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကိုလည်း ယနေ့နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံး ၄ ကြိမ်ကျဲချ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ် လှည်းကူးမအုပ်စု၊ ရတနာပုံကျေး ရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့၍ ပြည်သူ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေပြင်တွင် မပေါက်ကွဲသေးဘဲ ပေါင် ၂၀၀ ဗုံး တစ်လုံးတွေ့ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

“တိုက်ပွဲမဖြစ်ဘဲ ဗုံးကျဲသွားတာပါ။ ကျေးရွာ ပြည်သူတွေတော့ မနေ့က တည်းက ရှောင်ကြပါတယ် ၊ ဒီနေ့ ပြန်ရောက်နေကြပါပြီ။ ဒီနေ့ သတိအနေအထားနဲ့တော့ နေနေကြရပါတယ်။ လန့်နေကြတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ နံနက် ၇ နာရီအချိန်အထိ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံး ၄ ကြိမ်ကျဲချခဲ့ကြောင်း၊ မိုးများသည်းထန်စွာ ရွာသွန်းနေသဖြင့် အထိအခိုက် အပျက်အစီး အခြေအနေ မသိရှိရသေးကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က လူမှုကွန်ရက်တွင် သတင်းရေးသား ထုတ်ပြန်ထား သည်။

“ယနေ့မနက် မိုးသည်းသည်းမဲမဲရွာနေသည့်အချိန် အေလာလေတပ်တက် ဂျက် ဖိုက်တာ ၂ စီးမှ မင်းတပ်မြို့ပေါ် အနီးအနား နေရာများကို 6:35AM ၊ 6:40AM ၊ 6:50AM ၊ 6:54AM ခန့် ပေါင် ၅၀၀ ဗုံးများအပြင် ဗုံးအသေးများဖြင့် ၄ ကြိမ်လေကြောင်းတိုက်ခိုက်သွားပါတယ်။ ထိခိုက်ပျက်ဆီးမှုများမသိရသေးပါ။ ယခုလက်ရှိ မင်းတပ်မြို့နှင့်ကျေးရွာဘက်များတွင် မိုးများသည်းထန်စွာ ရွာနေပါတယ်” ဟု မင်းတပ် ဒေသသတင်းရင်းမြစ် Ĥkl Mindat က လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ – တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာကို ယမန်နေ့ စစ်တပ်က လေ ကြောင်းမှတစ်ဆင့် ဗုံးကျဲပြီးနောက် အပျက်အစီးများနှင့် အကြွင်းအကျန် ဗုံးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article