29 C
Yangon

ရေစကြိုနှင့် မင်းကင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ ရေစကြိုမြို့နယ်ရှိ မင်းရွာကို ဒရုန်းဖြင့် ဗုံး ၉ လုံး၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဗုံး ၁၁ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေ ဆဲဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင်အင်အားက ၁၀၀ ကျော်လောက်ရှိဦးမယ်။ တစ်ရွာလုံးက ပျူရွာဆိုတော့ ထိခိုက် သေဆုံးမှုရှိလည်း သတင်းထွက်ဖို့က မလွယ်ဘူး။ ပြန်ပစ်တာမျိုးတွေလည်းရှိပါတယ်။ ရွာထဲကနေ အင်အားနဲ့ ထွက်လာသေးတယ်။ ဒရုန်းပြန်ကျဲတော့မှ ရွာထဲပြန်ပြေးဝင်သွားတာ။ မိဘပြည်သူတွေ ကို ပြောချင်တာက အခုချိန်မှာ ရေဘေး၊ မီးဘေး၊ စစ်ဘေးအားလုံးနဲ့ရင်ဆိုင်ရပြီးခက်ခဲနေတယ်ဆို တာနားလည်ပါတယ်၊ ဒါပေမယ့် အညာဒေသရဲ့ အပြောင်းအလဲကြိုးစားနေတဲ့ ကျနော်တို့ MBT တပ်ဖွဲ့က ခေါ်ယူနေတဲ့ End Point ပရော့ဂျက်မှာ တတ်နိုင်သလောက်လေးပါဝင်ပေးဖို့ အားနာနာနဲ့ တောင်းဆိုချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT မြင်းခြံခရိုင် အမှတ်၉ တပ်ရင်း၊ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့ နှင့် ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာနှင့် ပြင်းပင်မော်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Student’s Revolutionary Force (S.R.F) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မင်းကင်းမြို့မှ စစ်သား၊ ပျူစော ထီးများနှင့် ချင်းတွင်းမြစ်အထက်ပိုင်းမှ စစ်သင်္ဘောများဖြင့် စုန်ဆင်းလာကြောင်း ၊ မြေပြင်တွင်လည်း စစ်တပ်စစ်ကြောင်းက ပြင်းပင်မော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါစစ်တပ်စစ်ကြောင်းက ပြင်းပင်မော်ရွာအနီး မြေငံရှောင် စစ်ရှောင်စခန်းအနီးအရောက် ကျောင်းသားတော်လှန် ရေးတပ်ဖွဲ့ – SRF ၏ ရှေ့ပြေး ကင်း ထောက်အဖွဲ့နှင့် မီတာ ၅၀ ခန့်အကွာ အနီးကပ်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

“တာဝါတောမှာ စစ်သင်္ဘောတွေဆိုက်ကပ်ထားပြီးတော့ မင်းကင်းမြို့နယ်အတွက် စစ်အင်အား ဖြည့် တာ။ အထက်ပိုင်းက SNA အဖွဲ့တွေပါတယ်လို့ ကြားတယ်၊ ဖလက်ခွန်နဲ့ဖြည့်ထားတဲ့ စစ်အင်အားနဲ့ ပေါင်းပြီး စစ်ကြောင်းထိုးတာ။ အဓိကကတော့ စစ်ဘေးရှောင်ရှိတဲ့ ပြင်းပင်မော်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတာ၊ စစ်ဘေးရှောင်စခန်းက ကြားထဲမှာရှိတာဆိုတော့ ပြင်းပင်မော်ဘက် ဦးတည် လာတာပေါ့။ အဲဒီစစ်ဘေးရှောင်စခန်းနားမှာ တိုက်ပွဲဖြစ်သွားတာ၊ ပြည်သူတွေတော့ ဘေးလွတ်ရာကို ချက်ချင်းရွှေ့ပြောင်းလိုက်ရတယ်။ ဒဏ်ရာရတဲ့သူတော့ ဆေးကုသ ပေးထားတယ်၊ အဆင်ပြေပါ တယ်၊ အိမ်တွေကတော့ မကာကွယ်လိုက်နိုင်ဘူး။ အင်အားချင်းက လည်းမမျှတော့ ပြန်ဆုတ်လိုက်ရ တာ၊ ကျနော်တို့နဲ့ဖြစ်တဲ့စစ်ကြောင်းကတော့ တာဝါတောနဲ့ကံရွာဘက်ကို ပြန်ခေါက်သွားတယ်၊ ပြန် အင်အားစုနေတုန်းတော့ ကြားရတယ်။ သူတို့ဘက်ကလည်း ထိခိုက်မှုတော့ ရှိတယ်လို့ သိရတယ်၊ လူ နာတင်ကားတွေသွားတယ်ဆိုတော့ ထိခိုက်မှုရှိနိုင်တယ်၊ အတိအကျတော့ မသိရသေးဘူး။” ဟု Student’s Revolutionary Force (S.R.F) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အနီးကပ်တိုက်ပွဲဖြစ်မှုကြောင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) မှ ရဲဘော် တစ်ဦး ပေါင်ကို ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းကို ဦး တည်၍ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကု သ မှုပေးထားရကြောင်း၊ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများ က လည်း တာဝါတောနှင့် ကံကျေးရွာဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

ဓာတ်ပုံ – Student’s Revolutionary Force (S.R.F) တပ်မတော်စစ်ကြောင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Student’s Revolutionary Force (S.R.F) တပ်မတော်စစ်ကြောင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article