28 C
Yangon

ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီဝင် သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် သားအဖ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စစ်တပ်လော်ဘီများ၏ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက်အရ သိရှိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ်၊ကျိုက်ထိုမြို့ နယ်၊ မုက္ခမူကျေးရွာတွင် နေထိုင်သည့် ကြံ့ဖွတ်ပါတီဝင်၊ ရပ်/ကျေး အတွင်းရေးမှူး မြင့်အောင် နှင့် သမီး ဖြစ်သူ ရပ်/ကျေး ကြံ့ဖွတ်ပါတီ လူငယ်အဖွဲ့ဝင် မဝင်းနုခိုင်(ခ)မကေ တို့ ၂ ဦးသည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်သူများသည် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ သားအဖကတော့ ဟိုးအရင်ကတည်းက ကြံ့ခိုင်ရေး၊ အစိမ်းစစ်တွေ။ နည်းနည်းသူတို့က ဟောင်ဖွာ ဟောင်ဖွာလုပ်တယ်။ တပ်မတော်က နိုင်နေပြီ ဆိုတာမျိုးပြောသလို တပ်ဆီ သတင်းပေး လုပ်တယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြာပြီ။ ခေတ်မကောင်းတော့တဲ့အချိန်မှာလည်း သူတို့က ကြံ့ခိုင်ရေးမှ ကြံ့ခိုင်ရေး ဆိုတာမျိုးတွေ အရပ်ထဲမှာ ကြွေးကြော်ပါတယ်” ဟု သေဆုံးသူ သားအဖ အကြောင်း သိရှိထားသော ဒေသပြည်သူတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်တပ်က လာရောက် စစ်ဆေးမှုများလုပ်ဆောင်ပြီး သားအဖ ၂ ဦး၏ အလောင်းကို ကောင်းမွန်စွာသဂြိုလ်ရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးသွားကြောင်း၊ စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော် လည်း ပစ်ခတ်သွားသူများကို ဖမ်းဆီးရရှိခြင်းမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်လော်ဘီများထုတ်ပြန်ထားသော ကျိုက်ထိုမှ ကြံ့ဖွတ် သားအဖ ၂ ဦး အသတ်ခံရသည့် မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်လော်ဘီများထုတ်ပြန်ထားသော ကျိုက်ထိုမှ ကြံ့ဖွတ် သားအဖ ၂ ဦး အသတ်ခံရသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article