26 C
Yangon

အောင်လံမြို့ တွင် လောင်းကစားနေသည့် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင် မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

မကွေးတိုင်း၊ အောင်လံမြို့၊ ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုး ၁၉ လမ်းအတွင်းရှိ ပုံတူလောင်းကစားဝိုင်းတစ်ခုတွင် ကစားနေသည့် စစ် ကောင်စီခန့် အုပ်ချုပ် ရေးမှူးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်သူ မြင့်ဆွေနှင့် နောက်လိုက်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီအချိန် အောင်လံမြို့၊ ရွာထောင်ရပ်ကွက် အ တွင်းရှိ လောင်းကစားဝိုင်း၌ ပုံတူလောင်းကစားတစ်ခုကို ဝင်ရောက် လောင်းကစားနေသော အောင်လံမြို့နယ်၊ တလုပ်ပင်ကျေးရွာ၏ အုပ်ချုပ်ရေးမှူးမြင့်ဆွေနှင့် နောက် လိုက် ၁ ဦးကို ဆိုင်ကယ်စီးလာသူ ၂ ဦးက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြင့်ဆွေမှာ နေရာမှာ ပွဲချင်းပြီးသေဆုံးပြီး ၎င်း၏နောက်လိုက်မှာ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်း သိရသည်။

“ဒီမနက် ၁၀ နာရီလောက်က ရွာထောင်ရပ်ကွက်ထဲမှာ ပစ်ခတ်မှုဖြစ်တာ၊ တလုပ်ပင်အုပ်ကြီး မြင့် ဆွေနဲ့ အပေါင်းပါ နောက်လိုက် တစ်ယောက် သေတယ်၊ မြင့်ဆွေက တလုပ်ပင်ရွာမှာတုန်း ကလည်း ပစ်ခတ်ခံရဖူးတယ်။ မသေဘူး၊ အဲဒီမှာ မနေရဲလို့ အောင်လံမြို့ပေါ်ကို ပြောင်းနေတာ၊ အခုတော့ သေပြီ။ ရွာထောင်ရပ်ကွက် စကစခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့လည်း စကားအကြီးအကျယ်များထားတာရှိတယ်။ ပုံတူလောင်း ကစားဝိုင်းမှာ ကစားနေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက်ဝင်ပစ်သွားတာ။ ၇ ချက်၊ ၈ ချက်လောက်ကြားတယ်။ ထိတာက ၃ ဦး၊ မြင့်ဆွေက နေရာမှာတင်သေတယ်။ နှစ်ဦးဒဏ်ရာရတဲ့ အထဲက ပြင်းထန်ဒဏ်ရာရတဲ့သူတစ်ဦးသေတယ်၊ တစ်ဦးက လက်မောင်းထိမှန်ပြီး ရုံတင်ထားရ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး မြင့်ဆွေသည် ဒုတိယအကြိမ်ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်းအုပ်ချုပ်ရေးမှူး လုပ်ကိုင်ရာ တလုပ်ပင်ကျေးရွာတွင်လည်း ပထမအကြိမ် ပစ်ခတ်ခံရဖူးကြောင်း၊ ယင်းအချိန်က သေဆုံးခြင်းမရှိဘဲ ကျေးရွာအတွင်း၌ မနေရဲတော့သဖြင့် အောင်လံမြို့ကို ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article