29 C
Yangon

ဟားခါးမှာ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေကို ပစ်ခတ်အရေးယူမယ်လို့ CDF-Hakha သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်သွားမယ်လို့ Chinland Defense Force Hakha က စက်တင်ဘာလ ၂၃ ညပိုင်းမှာ သတိပေးစာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ နဲ့ အကြမ်းဖက် သမားတွေရဲ့လုပ်ငန်းယန္တရား လည်ပတ်နိုင်အောင်ကူညီပေးနေတဲ့အတွက် Non-CDM ဝန်ထမ်းတွကို အကြမ်းဖက်စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

CDF-Hakha အနေနဲ့ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက် က ထုတ်ပြန်ခဲ့ပြီး ၂ နှစ်ကျော်အကြာ လက်ရှိအချိန်မှာတော့ Non – CDM ဝန်ထမ်းတွေကို ပစ်ခတ်တော့မှာ ဖြစ်ကြောင်း အမြင့်ဆုံးသတိပေးစာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီက သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတဲ့ ဒေသတွေထဲမှာဟားခါးမြို့လည်းပါဝင်ပါတယ်။၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာ ဝန်ထမ်းတွေအကုန်လုံး စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် စာရင်းပြုစုနည်း ကိုသင်ကြားပေးတယ်ဆိုတာကို CDF-Hakha က သိထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောင်ယူသွားမယ်လို့ တရားဝင်သတင်းထုတ်ပြန်ထား ပါတယ်။

စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်းကောက်တဲ့ နေရာမှာပါဝင်သူတွေအားလုံးကို စစ်ကောင်စီလိုသဘောထားပြီး တွေ့တဲ့နေရာမှာ ပစ်ခတ်သွားတော့မယ်လို့ CDF-Hakha က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အဓိကနယ်မြေစိုးမိုးထားပြီး မြို့ပေါ်တွေမှာသာ စစ်ကောင်စီတပ်တွေတည်ရှိတာဖြစ်ပါတယ်။ချင်းပြည်နယ်က စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။

အခုစက်တင်ဘာလ အတွင်းမှာ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၃ ဦးနဲ့ တစ်ပွင့်ဗိုလ် ၁ ဦး စုစုပေါင်း ၄ ဦးအထိ CDF- Hakha ဆီအလင်းဝင်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ် စစ်ကောင်စီအစည်းအဝေး တစ်ခုမြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ် စစ်ကောင်စီအစည်းအဝေး တစ်ခုမြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article