31 C
Yangon

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး၊ အမျိုးသမီးများအပါအဝင် ၁၃ ဦးထက်မနည်းသေဆုံးပြီး ၂၃ ဦးထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်| စက်တင်ဘာ ၂၆

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈နာရီ ဝန်းကျင်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ရာ ကလေး၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီက သံတွဲမြို့တော်ခန်းမနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်း သိမ်းရေးရုံးများ အပါအဝင် ယင်းပတ် ဝန်းကျင်ရှိ နေအိမ်များအပေါ်သို့ လေကြောင်းမှတစ်ဆင့် ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက်အအုံများလည်း ပျက်စီးမှုများပြားကြောင်း သိရှိရသည်။

ဓာတ် – ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီ ဗုံးကျဲတိုက် ခိုက်မှုကြောင့် သံတွဲမြို့ပေါ်က သေဆုံးသွားကြသော ကလေးငယ်များ၊ အမျိုး သမီးများနှင့် အပြစ်မဲ့ပြည်သူများအား တွေ့ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article