32 C
Yangon

လှိုင်သာယာတွင် သန်ခေါင်းစာရင်း ကောက်ယူချိန် လုံခြုံရေး စိုးရိမ်ရသဖြင့် မေးခွန်းများ မေးမြန်းမည်မဟုတ်ဘဲ စာရွက်ဖြင့် ဖြေထားပေးရန် လိုက်လံဝေငှ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေး စိုးရိမ်ရသဖြင့် မေးခွန်းများ မေးမြန်းမည်မဟုတ်ဘဲ စာရွက်ဖြင့် ဖြေထားပေးရန်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ မေးခွန်းများ ပါဝင်သော စာရွက်များ ဝေငှထားကြောင်း သိရှိရသည်။

လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက တစ်နိုင်ငံလုံးတွင် သန်းခေါင် စာရင်း များ ကောက်ယူသွားမည်ဖြစ်ပြီး မေးခွန်းများ မေးမြန်းမည်ဖြစ်ကြောင်း၊ မေးခွန်းများကို ပြည်သူများက ဖြေဆိုရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ် ဖော်ပြောဆိုခဲ့သည်။

“မနေ့က ရာအိမ်မှူးနဲ့ စာရေးတွေ လာသွားတယ်။ သန်းခေါင်စာရင်း လာကောက် ရင် ဖြေရမယ့် မေးခွန်းတွေရှိတယ်။ အဲဒီမှာ မလိုဘဲ အချိန်မကုန်အောင် နဲ့ လုံခြုံရေးအရ အကြာကြီး မေးလို့ အဆင်မပြေလို့ မေးခွန်းစာရွက် ပေးသွားတယ်။အဲဒါကို ဖြေထား။ လိုအပ်တဲ့မေးခွန်းတွေလည်း နှုတ်နဲ့ ထပ်မေးမယ်လို့ပြောပါတယ်” ဟု လှိုင်သာယာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လှိုင်သာယာတွင် အုပ်ချုပ်ရေးအဖွဲ့များက ဝေငှနေသည့် မေးခွန်းစာရွက်တွင် အဓိကအားဖြင့် ကိုယ်ရေးအကျဉ်းကို အဓိက မေးမြန်းထားပြီး အခြားသော အချက်အလက်များကို သက်ဆိုင်ရာ လ၀ကနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ဆက် လက်မေးမြန်းမည်ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ စတင်မည့် တစ်နိုင်ငံလုံး သန်ခေါင်းစာရင်း ကောက် ယူရေး စီမံချက်အတွက် လှိုင်သာယာ အပါ အဝင် ရန်ကုန်တိုင်းအတွင်း ရှိ မြို့နယ်များအားလုံးတွင် လုံခြုံရေး အဖွဲ့များ ဖွဲ့စည်းနေကြောင်း ၊ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက အဓိက လုံခြုံရေး တာဝန်ယူရမည်ဖြစ်ပြီး ပျူစောထီးနှင့်ပြည်သူ့စစ်များကလည်း ပူးတွဲ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article