27 C
Yangon

မိုင်းခတ် ခလရ ၃၂၈ တပ်မှ ဗိုလ်ကြီးဇွဲမာန်ဦးနှင့် ဇနီးအေးသန္တာဝင်းက မဲစုမည်ဟုဆိုကာ လူ ၅၀ ဦးထံမှ သိန်းထောင်ကျော် လိမ်လည်ပြီး ငွေပြန်တောင်းသူများကို စစ်တပ်ဖြင့် ခြိမ်းခြောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့ နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ ၃၂၈ တပ်ရင်းမှ ဗိုလ်ကြီးဇွဲမာန်ဦးနှင့် ဇနီး အေးသန္တာဝင်းက အွန်လိုင်း မဲစုမည်ဟုဆိုကာ လူဦးရေ ၅၀ ဦးထံမှ သိန်းထောင်ကျော်လိမ်လည်သွားကြောင်း အလိမ် ခံရသူ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်ကြီးဇွဲမာန်ဦး၏ ဇနီး အေးသန္တာဝင်းသည် မိုင်းခတ်မြို့ အခြေခံပညာကျောင်း တွင် ကျောင်းဆရာမအဖြစ်လုပ်ကိုင်ရင်း ပြည်သူ ၅၀ ဦးထံမှ မဲစုမည်ဟုဆိုကာ ငွေကြေးများ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“Online ပေါ်ကနေ မဲ စုကြေး တွေလုပ်ကြတာပါ။ ပါသွားတဲ့လူဦးရေ မနည်းပါဘူးရှင့်။သူလိမ်သွားတဲ့ပိုက်ဆံက သိန်း ထောင်ကျော်တယ်။ အခု ဗိုလ်ကတော်က သူလိမ်ထားတာတွေ ပြန်မပေးတဲ့အပြင် သူ့ကို အရှက်ခွဲတဲ့သူတွေကို စစ် တပ်နဲ့ ခြိမ်း ခြောက်သေးတာ။ စစ်ရုံးကိုခေါ်ပြီးအရေးယူမယ်နဲ့ ခြိမ်းခြောက်တာ”ဟု မဲလိမ်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။

အဆိုပါ မဲအလိမ်ခံရမှုအတွက် သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အရေး ယူမှု တစ်စုံတစ်ရာမရှိကြောင်း၊ လိမ်လည်သူ ဗိုလ်ကြီး ဇွဲမာန်ဦးသည် DSA စစ် တက္ကသိုလ် အပတ်စဉ် ၆၁ ကျောင်းဆင်းဖြစ်ပြီး ၎င်း၏ ရာထူးဖြင့် အမှုဖွင့်မရစေရန် တားဆီးထား ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် မိုင်းခတ် ခလရ ၃၂၈ တပ်၏ တယ် လီဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ဗိုလ်ကြီးဇွဲမာန်ဦးနှင့်ပတ်သက်သော ကိစ္စ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တပ်ရင်း၏ ဖုန်းနံပါတ်များမှာ ပြည်ပမှ ခေါ်ဆိုခွင့်မရရှိစေရန် ပိတ်ပင်ထားသဖြင့် အဆက်အသွယ်မရရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article