ရန်ကုန်၊ စက်တင်ဘာ ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှာ မုံရွာမှ စုန်ဆင်းလာသော စစ်သင်္ဘောများ၏ ရန်ကို ကြောက် ၍ ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေခဲ့ရာမှ ယခုအခါ လေကြောင်းမှ တိုက်ခိုက်ခံရမည့် အခြေ အနေကို ထပ်မံ ရင်ဆိုင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း မုံရွာ၊ မင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများ စုန်ဆင်းလာကြောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့ ကမ်းဖြူကျေးရွာနှင့် မင်းရွာအကြားတွင် ညအိပ်ရပ်နားခဲ့ပြီး စက်တင် ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း အောက်ဘက်သို့ ဆက် လက်စုန်ဆင်းလာခဲ့ကြောင်း၊ စစ်သင်္ဘောများက ချင်းတွင်းမြစ်ကြောင်း ကမ်း ဘေးတစ်လျှောက်ရှိ ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ် ခတ်လေ့ရှိသောကြောင့် ရေစကြိုမြို့နယ်အတွင်းမှ ကျေးရွာများမှာ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။
“ကမ်းဖြူ၊ မင်းရွာ၊ အောက်အို၊ ပရိမ်သာ၊ မအူအောက်ဆိပ်၊ အောင်ပန်းနဲ့ ဝါယာကျေးရွာတွေက ဒေသပြည်သူတွေအားလုံး တိမ်းရှောင်ခဲ့ကြရတယ်။ ရွာလုံးကျွတ်ပဲ။ အခုတော့ စစ်သင်္ဘောတွေ ဖြတ်သန်းသွားပေမယ့် အခုက လေ ကြောင်းရန်ကြောင့် အတော်ကို စိုးရိမ်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၂၂ ရက်နေ့ စစ်ကောင်စီက မအူအောက်ဆိပ်ကျေးရွာကို ဗုံးကျဲချခဲ့ရာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ဆေးရုံ၊ ဘုန်း ကြီး ကျောင်း၊ စေတီတော်၊ သိမ်ကျောင်းတို့ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လတ်တလော ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ Y12 လေယာဉ်များ ညစဉ်၊ နေ့စဉ် ပျံသန်းမှုများ ရှိနေကြောင်း၊ ထို့ကြောင့် လေ ကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို အမြဲစိုးရိမ်နေရကြောင်း သိရှိရသည်။
“အခုက စစ်သင်္ဘောရန်က အေးမယ် မကြံသေးဘူး။ အခု လေယာဉ်တွေက ညတိုင်း နေ့တိုင်း ပျံနေတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မှာ မအူအောက်ဆိပ်ကျေးရွာကို ဗုံးကျဲလို့ ၂ ဦးသေတယ်။ ညတိုင်း အိပ်မပျော်ကြဘူး” ဟု ကမ်းဖြူကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်ကောင်စီ၏ စစ်သင်္ဘောများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar