31 C
Yangon

နတ်မောက်နှင့်စလင်း တို့တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး သန်းခေါင်စာရင်း ကောက်ယူမှုများ လုပ်ဆောင်သူများကို အရေးယူမည်ဟု PDF တပ်ဖွဲ့များ အသိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး သန်းခေါင်စာရင်း ကောက်ယူမှုများ လုပ်ဆောင်သူများကို အရေးယူမည်ဟု PDF တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၆ ရက်နေ့မှ စ၍ နတ်မောက်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ် ပညာရေးဌာနမှ Non CDM ပညာရေးဝန်းထမ်းများနှင့် Non CDM ကျောင်းဆရာ ဆရာမ များအားလုံး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးနှင့် ထွေအုပ်စာရေးမှအစ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းအားလုံးကို သိရှိစေရန် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူအများကို မတရားစစ်မှုထမ်းရန် လှုံ့ဆော်စ ည်ရုံးခြင်း၊ အမည်စာရင်းကောက်ခံခြင်း၊ စစ်ကောင်စီရွေးကောက်ပွဲအတွက်ပူးပေါင်း လုပ်ဆောင်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း၊ သင်တန်းတက်သူ၊ ဆင့်ပွားသင်တန်းပေးသူ၊ ပူးပေါင်းပါဝင်ကူညီသူ၊ ပါဝင်ပတ်သတ် ဆက်နွယ်နေသူ မည်သူကိုမဆိုစစ်ရေးပစ်မှတ်သဖွယ်သဘောထား၍ ပြင်းပြင်းထန်ထန် အရေးယူပါမည်” ဟု နတ်မောက်မြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုထားသည်။

ယင်းသို့ အသိပေးထုတ်ပြန်လျက်နှင့် မိုက်မဲစွာ လုပ်ကိုင်နေပါက နတ်မောက်မြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ ပြင်းထန်စွာ အရေးယူသွားမည်ဟု ဖော်ပြထားသည်။

အလားတူ စလင်းမြို့နယ်တွင်လည်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်က ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီတပ်မှပြုလုပ်မည့် ပြည်သူ့ဆန္ဒမပါသော ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ကြောင်း၊ မိမိတို့ မြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် အားပေးထောက်ခံမှုများ မပြုလုပ်ကြရန်၊ ရွေးကောက်ပွဲပြုလုပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမည့် အကြမ်းဖက်စစ်ကောင်စီထောက်တိုင်များအား ပြည်သူ့သဘော၊ဆန္ဒအရ ထိရောက်စွာ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article