32 C
Yangon

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နှင့် ပူးပေါင်းတပ်များက သရက်ကန် ပျူစောထီးရွာကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲဖြစ်ပွားသည့်နေ့တွင်လည်း သရက်ကန်ရွာမှ လွတ်မြောက်လာသူ ပြည်သူ ၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုကျေးရွာမှ ထွက်ပြေး လွတ်မြောက်လာသူ ၄၆ ဦး ထိရှိပြီဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက သရက်ကန် ပျူစောထီးရွာကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ တိုက်ပွဲအတွင်း RPG အဖူး ၃ ဖူး၊ G3 ကျည် ၂၇ တောင့် ၊ ၅.၅၆ ကျည် ၉ တောင့်နှင့် G3 ကျည်ဘောက် တစ်ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သရက်ကန် ပျူစောထီး တစ်ရွာလုံး ဆုတ်သွားတာမဟုတ်ဘူး။ တချို့တဝက် လောက်ပဲ ဆုတ်သွားတာ ရွာထဲမှာ ရွာခံ ပျူစောထီးတွေ အများအပြား ကျန်သေးတယ်” ဟု အညာမြေ တပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နှင့်အတူ TYK ပြောက်ကြားတပ်ဖွဲ့၊ Pakokku Pepole Defence Force(PPDF)၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊

ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စကြာ် ၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန် ၊ Kamma Revolution Force (KMRF) ၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Tiger Warrier Force ၊ မြိုင်ရာဇာ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC ၊ နံ့သာမြေရက္ခ ၊ God of Myaing ၊ Union Brother ၊ Hunter Pakokku နှင့် Red Giant (RG) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article