30 C
Yangon

မန္တလေး၊ မဟာအောင်မြမြို့နယ်တွင် CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက ညအချိန် အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးမြို့ မဟာအောင်မြမြို့နယ်တွင် CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက ညအချိန် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၂/၇၃ လမ်း၊ ၃၆/၃၇ လမ်းအကြား ၊မဟာနွယ် လမ်းသွယ် ဒိုင်တော်ရပ်၊ လှယမင်း အမျိုးသမီး ဘော်ဒါဆောင်တွင် နေထိုင်နေသော CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက အင်အား ၂၀ ကျော်၊ ကား ၅ စီးဖြင့် ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“အဆောင်မှူးနှင့် အဆောင်နေထိုင်သူ အမျိုးသမီးက ပူးပေါင်းတိုင်ကြားတာကြောင့် မနေ့ည ၁၀ နာရီခွဲမှာ အမှတ် ၉ ရဲစခန်းမှ စစ်တပ်နဲ့ရဲ အင်အား ၂၀ ကျော် ကား ၅စီးဖြင့် CDM သူနာပြုကို ဝင်ဖမ်းသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများကို လူမှုရေးအရ အမည်မည်းစာရင်းပယ်ဖျက်ပေးမည်ဖြစ်၍ ဆက်သွယ်ကြရန် ကြေညာချက် ထုတ်ပြန်ထားသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ CDM ဝန်ထမ်းများကို ရာဇဝတ်သားများကဲ့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးနေသည်ကို ပေါ်လွင်စေသည်ဟု မန္တလေးအခြေစိုက် CDM ကျန်းမာရေးဝန်ထမ်းတချို့က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ – ညအချိန် လမ်းပေါ်တွင် လှည့်လည့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article