30 C
Yangon

ဂန့်ဂေါမြို့မှ ပင်လည်ဘူးမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူအပို့ခံရသည့် ခလရ ၅၀ တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို ဆီးခုံ ကျည်ထိမှန်၍ သေ

Must read

ဂန့်ဂေါမြို့မှ ပင်လည်ဘူးမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူအပို့ခံရသည့် ခလရ ၅၀ တပ်ရင်းမှ ဗိုလ်မှူးခန့်မင်းကို ဆီးခုံ ကျည်ထိမှန်၍ သေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှ ခလရ ၅၀ တပ်ရင်းမှ စစ်ကူပို့ဆောင်ခံရသည့် ဗိုလ်မှူးခန့်မင်းကို ပင်လည် ဘူးတိုက်ပွဲ၌ ဆီခုံကျည်ထိမှန်ကာ သေဆုံးသွားပြီဖြစ်ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၂ ရက်နေ့က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ တပ်က Mi 17 ထောက်ပို့ရဟတ်ယာဉ် ၂ စီးဖြင့် ဗိုလ်မှူး သက်နိုင်အေးနှင့် ဒုတပ်ရင်းမှူး ရဲရန်ပိုင် ၊ ဗိုလ်မှူး ခန့်မင်းကို အပါအဝင် စစ်သား ၅၀ခန့်ကို ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ဗိုလ်မှူး ခန့်မင်းကိုအပါအဝင် ခလရ ၅၀ တပ်ရင်းအတွင်းမှ စစ်သားအချို့ကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပင်လည်ဘူးမြို့တိုက်ပွဲအတွင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပင်လည်ဘူးမြို့သို့ ပို့ဆောင်ခံရသည် မိသားစုဝင်များနှင့်ဖုန်းဆက်သွယ်ပြောဆိုပြီးနောက် ဗိုလ်မှူးခန်းမင်ကိုသည် စက်တင်ဘာလ ၂၇ ရက်နေ့က ဆီခုံတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း၊ ယနေ့ စက် တင်ဘာလ ၂၈ ရက်နေ့တွင် ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်း အတွင်း၌ ဗိုလ်မှူးခန့်မင်းကို၏ နာရေးပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

“သေတာက သေချာတယ်။ ဒီနေ့ပဲ ခလရ ၅၀ တပ်ထဲမှာ နာရေးလုပ်ဖို့စီစဉ်နေတယ်။ တခြားသူတွေ လည်း ထိခိုက်သေဆုံးတာရှိပေမယ့် အတိအကျ မသိရဘူး။ လာခေါ်တဲ့နေ့က တပ်မိသားစုဝင်တွေကို အိမ်ထဲဝင်ခိုင်းပြီး တံခါးတွေပါပိတ်ခိုင်းထားတာ။ ဘယ်သွားရမယ်ဆိုတာလဲ မသိရဘူး။ မနေ့ကမှ မင်းခန့်ကို ကျပြီဆိုပြီး သတင်းဝင်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က‌ ပြောပါတယ်” ဟု ယော အလင်းတန်းမှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးသူ ဗိုလ်မှူးခန့်မင်းကိုသည် ဂန့်ဂေါမြို့ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်၏ သမီးဖြစ်သူ မယွန်းယုယမင်းနှင့် အိမ်ထောင်ပြုထားသူဖြစ်ကြောင်း၊ ဗိုလ်မှူးခန့်မင်းကို သေဆုံးသည်ကို ဇနီး ဖြစ်သူ မယွန်းယုယမင်းကလည် လူမှုကွန်ရက်တွင် အတည်ပြုထားကြောင်း သိရသည်။

သေဆုံးသွားသော ဗိုလ်မှူးခန့်မင်းကို၏ ယောက္ခမဖြစ်သူ P2 ဖိုးဇော်သည် နွေဦး တော်လှန်ရေးအစ ပိုင်း မှစ၍ ခလရ ၅၀ တပ်ရင်းမှ ဗိုလ်ကြီးမျိုးဝင်းသူ ပူးပေါင်းကာ ဂန့်ဂေါမြို့ပေါ်ရှိ ပြည်သူများအား ဖမ်း‌ဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဗိုလ်ကြီးမျိုးဝင်းသူပူးပေါင်းကာ PDF တပ်ဖွဲ့ဝင်များကို ကျည်ဆန်များရောင်းစားခဲ့ကြောင်း၊ ကျည်ဆန်များရောင်းစားမှုဖြင့် ဗိုလ်ကြီးမျိုးဝင်းသူ မှာ ဖမ်းဆီးခံရသော်လည်း P2 ဖိုးဇော်မှာ အရေးယူခံရခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်းအတွင်း၌ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများမရှိဘဲ ဗျူဟာမှူး ဖြစ်သူကသာ တပ်ကို အဓိက အုပ်ချုပ်နေကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article