32 C
Yangon

ချီဗွေမြို့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော ဗျူဟာစခန်း တစ်ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့၊ စစ်ကောင်စီ တပ်သား အများအပြား ဖမ်းဆီးရရှိထား

Must read

ချီဗွေမြို့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော ဗျူဟာစခန်း တစ်ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့၊ စစ်ကောင်စီ တပ်သား အများအပြား ဖမ်းဆီးရရှိထား

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ ချီဗွေမြို့တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာစခန်း တစ်ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်းနှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းများထဲမှ ဗျူဟာ တပ်စခန်းကုန်း တစ်ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ပြီး ပြည်သူ့စစ်များ၊၊ ရဲ နှင့် စစ်သား အများအပြား အရှင်ဖမ်းမိထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံး ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ချီဗွေမြို့ Sold Out တော့မယ်။ ပြည်သူ့စစ် စခန်း ၊ ချီဗွေမြို့မရဲစခန်းနဲ့ ၄ မိုင် စုပေါင်းဂိတ်စခန်း တို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ ဗျူဟာစခန်းကုန် တစ်ခုပဲ သိမ်းဖို့ ကျန်တော့တယ်။ KIA ၊ KPDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီ မှ စတိုက်တာ ပြည်သူ့စစ်၊ ရဲ နဲ့ ပျူစောထီးတွေ အရှင်ဖမ်းမိထားတယ်။ ဂျက်ဖိုက်တာ ၄ စီးနဲ့လည်း ၂ ကြိမ် လာရောက်ဗုံးကျဲတာရှိတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article