31 C
Yangon

ချင်းပြည်နယ်အတွင်း ချင်းညီနောင် လှုပ်ရှားနယ်မြေတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာ

Must read

ချင်းပြည်နယ်အတွင်း ချင်းညီနောင် လှုပ်ရှားနယ်မြေတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာ

ရန်ကုန်၊ စက်တင်ဘာ ၃၀

ချင်းပြည်နယ် ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ချင်းညီနောင် အနေဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများအနေ ဖြင့် စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် အကြမ်း ဖက် စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည် နိုင်မည့် အခြားကိစ္စရပ်များတွင် အသုံး ပြုရန်အတွက် ရည်ရွယ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြသနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများ အနေနှင့် အကြမ်းဖက် စစ် ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် ချင်းညီနောင်အဖွဲ့က တောင်းဆိုထားသည်။

ဓာတ်ပုံ- စစ်ကောင်စီက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article