သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင် စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူမှု ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊စက်တင်ဘာ ၃၀
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်၏သန်းခေါင်စာရင်း ကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူအချို့က အကြမ်းဖက် စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။