31 C
Yangon

ရေဖြူမြို့နယ်တွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် ဂန့်ဂေါ်တောင်ရွာ အုပ်ချုပ်ရေးမှူး တင်မြင့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်တွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် ဂန့်ဂေါ်တောင်ရွာ အုပ်ချုပ်ရေးမှူး တင်မြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် ဂန့်ဂေါ်တောင်ရွာ အုပ်ချုပ်ရေးမှူး တင်မြင့်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ဂန့်ဂေါ်တောင်ရွာတွင် ပြည်သူများကို ဖိနှိပ် ငွေညှစ်နေသည့် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး တင်မြင့်ကို ဒေါနစစ်ကြောင်း တပ်ခွဲ ၆ နှင့် ဒေါနစစ်ကြောင်း တပ်ခွဲ ၇တို့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တင်မြင့်သည် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လမ်းပြလုပ်ပေးခြင်း၊ ဖုန်းဖြင့် သတင်းပေးပို့ခြင်း၊ လူကိုယ်တိုင်သွားရောက် သတင်းပေးခြင်းများနှင့် အိမ်ထောင်စုစာရင်းများ စစ်ဆေး၍ လူမတွေ့ရှိလျှင် အကြမ်းဖက် စစ်တပ်ကို သတင်းပေးပို့ခြင်းများအပြင် ရွာသူရွာသားများ အပေါ်တွင်လည်း အကြောင်းမဲ့ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

“တင်မြင့်နှင့်အတူ စစ်တပ်အတွင် လုပ်ပေးနေတဲ့သူတွေကိုလည်း စောင့်ကြည့်နေပါတယ်။ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးရင်တော့ ဘယ်သူ ဘယ်ဝါဆိုတာ နောက်မှ ရှင်းမှရပါမယ်” ဟု ဒေါနစစ်ကြောင်း တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article