26 C
Yangon

ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကကျေးရွာအရှေ့ အိုင်ကြီးလမ်းခွဲနေရာကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေ ဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကောလင်းမြို့နယ် အ နောက်ဘက်ခြမ်း ဥက္ကံကျေးရွာမြောက်ပိုင်းအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဥက္ကံကျေးရွာသည် အရပ်သားပြည်သူများ သာ နေထိုင်ပြီး PDF တပ်ဖွဲ့လည်း လုံးဝမရှိဘဲ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းက ပြောဆိုထားသည်။

စက်တင်ဘာလ ၂၉ ရက် ည ၁၁ နာရီ ၁၀ မိနစ် ခန့်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများ သာ အေးချမ်းစွာနေထိုင်သည့် ကောလင်းမြို့နယ် အနောက် တောင် ဘက်ခြမ်း ရွာသစ်ကျေးရွာ အနီး ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကျဲချတိုက် ခိုက်ခဲ့ ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ဒေသနေ ပြည်သူ အ များစုမှာ အလွန်အမင်းစိုးရိမ်ထိတ်လန့် နေကြပြီး ကျေးရွာတွင်းမနေထိုင်ရဲကြတော့ဘဲ ရှောင်တိမ်း နေ ကြရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article