26 C
Yangon

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ၊လက်နက်ခဲယမ်းများနှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလညီလာခံအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ၊လက်နက်ခဲယမ်းများနှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည် ပြည်ဆိုင်ရာ နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်ရေးနေ့ အထိမ်း အမှတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီး ယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေးတွင် အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းမှု ခံရပြီးနောက် မြန်မာပြည်သူများကို စစ်တပ်၏ လက်နက်ကြီးများအသုံးပြု တိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားခဲ့ရကြောင်း၊ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း၊ မြန်မာပြည်သူများအပေါ် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ် သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲ ပြောင်းမှု မပြုကြရန် အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ တောင်းဆိုကြောင်း သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းမရှိသည့် နိုင်ငံများအပေါ် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံများ၏ မည်သည့်ပုံစံဖြင့် ခြိမ်းခြောက်မှုမျိုးမဆို ရှုတ်ချကြောင်း၊ မည်သို့သော နျူကလီးယားလက်နက်အသုံးပြုမှုမျိုးမဆို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ချိုးဖောက်ခြင်းဖြစ်ပြီး ဆိုးရွားသော လူသားချင်းစနာမှု နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ နောက် ဆက် တွဲဆိုးကျိုးများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ယင်း ခြိမ်းခြောက်မှုများမှ ကင်းဝေးနိုင်ရေးမှာ နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေး ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ဖြစ်သည်ကို ထပ် လောင်း အတည်ပြု ကြောင်း ဦးကျော်မိုးထွန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ် (CTBT) အတည် ပြု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် အာဏာသိမ်းမှုကြောင့် TPNW အား အတည်ပြုလက်မှတ်ရေးထိုးရေး လုပ်ငန်းအပေါ် ရပ်တန့်စေခဲ့ကြောင်း၊ ယင်းစိန်ခေါ်မှုများကို ကြုံ တွေ့နေရသော်လည်း မြန်မာနိုင်ငံ အနေဖြင့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးမှု သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် (CTBT) ကြေညာချက်အပေါ် ပါဝင်ခဲ့ခြင်း အပါအဝင် နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက် များအားလုံးအား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နျူကလီးယားကင်းစင်သောကမ္ဘာကြီးဖြစ်ပေါ်စေရန် လိုက်နာရမည့် ကတိကဝတ်များကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝလိုက်နာမည်ကို ထပ်လောင်းအတည်ပြုကြောင်း၊ လုံခြုံ စိတ်ချသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရေး ဆွေးနွေးညှိနှိုင်းများအားလုံးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အမြဲအဆင်သင့်ရှိပါကြောင်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article