27 C
Yangon

မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦး ဇနီးဖြစ်သူနှင့်အတူ လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် ဇနီးဖြစ်သူ နှင့်အတူ လက်နက်ခဲယမ်းများယူ ဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကိုသည် ၎င်း၏ ဇနီးဖြစ်သူ ကိုခေါ်ဆောင်ကာ G3 သေနတ်အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၁၂၅ တောင့် တို့ကိုယူဆောင်ကာ မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသူများကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းမွန်စွာ ကျွေးမွေးထားရှိပြီး ထိုက်သင့်အားလျော်သော ချီးမြှင့်မှုများ လုပ်ဆောင်ကာ နေရပ်သို့ ပို့ဆောင်ပေး ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article