ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA က သိမ်းပိုက်ထားတဲ့ လားရှိးမြိုကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ လားရှိးမြိုအတွင်းက တပ်သတင်းပေးတွေ ပေးပိုတဲ့ သတင်း အချက်အလက်တွေကို အသုံးပြုကာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို တပ်သတင်းရင်း မြစ်က ပြောပါတယ်။
- ချင်းပြည်နယ်၊ ဟားခါးမြိုမှာ အကြမ်းဖက်တပ်သားတွေ သန်းခေါင်းစာရင်း ကောက်ယူချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
- မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ သုံးဆယ်ပေးကျေးရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ မှားယွင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar