28 C
Yangon

ညောင်လေးပင်ခရိုင်တွင် ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်မှု ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးထိခိုက် ဒဏ်ရာရပြီး ဘုရားစေတီ ၁ ဆူ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး စေတီ ၁ ဆူ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၈ တပ်ရင်းက လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ညောင်ခြေထောက် ကျေးရွာအနီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရှမ်းစုကျေးရွာ အတွင်း ၇ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ရှမ်းစုကျေးရွာရှိ စေတီ ၁ ဆူလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၈ တပ်ရင်းက မွန်းလွဲ ၂ နာရီ နှင့် ၃ နာရီ ခန့်အချိန် စံဖဲကျေးရွာနှင့် သက်ကယ်ကုန်း ကျေးရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာမှ မရတီနှင့် သက်ကယ်ကုန်း ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဒေါ်နှင်းနှင်း ၊အသက် ၂၅ နှစ်အရွယ် ကိုမျိုးထက်အောင်တို့ အပါအဝင် ပြည်သူ ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်အချိန် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက သနပ်ကွင်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ကလေးငယ် ၃ ဦးဖြစ်သည့် မမြတ်စုလင်း၊ မောင်မင်းခန့်အောင် နှင့် မောင်သော်ဇင်ခန့်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article