27 C
Yangon

မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Burma Liberation Democratic Front – BLDF- အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင် မြင်းမူမြို့နယ်၊ မန္တ လေး-မုံရွာလမ်းမပေါ် အလ္လကပ္ပ ကျေးရွာအနီးတွင် စစ်ကိုင်းမြို့ဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၆ စီးပါ ယာဥ်တန်း၏ ၄ စီးမြောက် ကားကို မိုင်း ၂ လုံးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်သားများကို ချောင်းဦးဆေးရုံသို့ ပို့ဆောင်ခဲ့ သော်လည်း ခြေပြတ်လက် ဒဏ်ရာအပြင်းအထန် ၂ ဦးကို မုံရွာဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သားများက အနီးဝန်းကျင်သို့ လက်နက်ငယ် များဖြင့် ၁၅ မိနစ်ခံပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သေတာက ၂ ယောက် ဒဏ်ရာရတာက ၆ ယောက်ပါ။ ခြေပြတ်လက်ပြတ် ၂ ယောက်ကိုတော့ ချောင်းဦးဆေးရုံကနေ မုံရွာကို သယ်သွားတယ်။ မနေ့ကတော့ တိုက်ပွဲမဖြစ်ပဲ ငါန်းယှန်ရွာနားမှာ တပ်စွဲထား စခတွေက ငါးယှန်ရွာဘက်ကို ရမ်းသမ်းခတ်နေတာတွေရှိတယ်” ဟု Burma Liberation Democratic Front – BLDF- အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့အခြေစိုက် Burma Liberation Democratic Front-တပ်ခွဲ (အညာမိုင်း) နှင့် ဒေါင်းဘုရင်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article