ရန်ကုန်၊ အောက်တိုဘာ ၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီးခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း 8+ အညာမြေစစ်ဆင်ရေးအင် အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီး ကျေးရွာမှ အင်အား ၁၀၀ ခန့်ဖြင့် အိုရင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို အိုရင်ကျေးရွာအနီးအရောက် အသင့်ထောင်ထားသော မိုင်းအကြီး ၃ ပွိုင့်ဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးပြီး တွင်းမပျူရွာဘက်သို့ ထမ်းစင်များဖြင့် ပြန် ဆုတ်ပြေးသွားကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သားများ အသုံးပြု သည့် G3 ကျည် ၆၆ တောင့်၊ G3 ကျည်ဘောက် ၁ ခု၊ ဦးထုပ်တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို 8+အညာမြေစစ်ဆင်ရေးအင်အားစု အလင်းတန်းပြောက်ကျားတပ်ဖွဲ့ ၊ Phoenix People Defence Force (PNDF) ၊ Zarmani Drone Force ၊ မဟူရာအလင်းတန်း ၊ U.A.V Fighter ၊ M.V.P Revolution Force ၊ အောင်ကျော်ဌေးပြောက်ကျားတပ်ဖွဲ့ နှင့် Scorpion People Defence Force တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး 8+အညာမြေစစ်ဆင်ရေးအဖြစ် အာဏာရှင် စနစ် အမြစ်ပြတ်သည်အထိ တော်လှန်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့၊ မြို့မကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခန့်တွင်နွားထိုးကြီးမြို့ မြို့မကျောင်း၌ တပ်စွဲထား သောအကြမ်းဖက်စစ်သားများကို Shar Htoo WOW နည်းပညာသုံး Fixed Wings Drone များဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့ ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar