ရန်ကုန်၊ အောက်တိုဘာ ၄
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများ နှင့်အတူ အလင်း ဝင်ရောက်ခဲ့ပြီး ချိတ်ဆက်အလင်းဝင်ခြင်းမရှိဘဲ ကျေးရွာ အပြင်ဘက်သို့ ထွက်လာပါက ပစ်ခတ် မည် ဖြစ်ကြောင်း မြိုင်ပကဖက ထုတ်ပြန်ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နံနက် ၆ နာရီအချိန်တွင် ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ပျူစော ထီး ရဲမြတ်စိုးသည် ၎င်းနှင့်အတူ ကင်းစောင့်နေသော အကြမ်းဖက်စစ်သားထံမှ M4 Carbine အမျိုး အစား သေနတ် ၁ လက် ၊ ကျည် ဘောက် ၂ ဘောက်၊ ၎င်းကျည် ၆၃ တောင့်၊ ကာဘိုင်ကျည် ၄ တောင့်၊ လက်ပစ်ဗုံး၂ ၊ လုံး၊ ၆၀ မမ အဖူး ၁ ဖူးနှင့် ဟန်းဖုန်း လုံးတို ယူဆောင် မြိုင်-ပေါက် ပကဖ အဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်အတွင်းရှိ စစ်သား၊ပျူစောထီးများအနေဖြင့် ကျေးရွာအပြင်ဘက်သို ထွက်ခွာလျှင် အ သေပစ်ခတ်တိုက်ခိုက်မည်ဖြစ်ပြီး ချိတ်ဆက်၍ လက်နက်ဖြင့် အလင်းဝင်ရောက်လာမည်ဆိုပါက ကောင်းမွန်စွာ စောင့်ရှောက်ထားကာ အသက်ချမ်းသာပေးမည်ဖြစ်ကြောင်း မြိုင်ပကဖ၊ ပေါက်ပကဖ အဖွဲများက အသိပေးထးသည်။
၂၀၂၄ ခုနှစ် အစောပိုင်းအချိန်မှစ၍ ပေါက်မြိုနယ် ဇီးပြား (ပျူ စောထီး) ကျေး ရွာနှင့် တရော်ကိုင်း (ပျူစောထီး) ကျေးရွာ အတွင်းရှိ စစ်ကောင်စီ ဘက်တော် သား စစ်သား၊ ပျူစောထီးများအား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက တင်းကြပ်စွာ ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ထားကာ ဝင်ရောက်လာ သော စစ် ကြောင်းများကို တိုက်ခိုက်မောင်းထုတ်မှု ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။
ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် ဇီးပြား (ပျူ) ရွာနှင့် တရော်ကိုင်း (ပျူ) ရွာများမှ အလင်းဝင်ရောက်မှု များ ပြားလာပြီး ဝင်ရောက်လာသူများအား ထိန်းချုပ်နယ်မြေနေရာများသို့ ပို့ဆောင်ကာ လုံခြုံရေးတင်း ကျပ်စွာဖြင့် ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း မြိုင်ပကဖကဆိုသည်။
တော်လှန်ရေးအရှိန်မြှင့်တင်နေသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် စစ်သား၊ ရဲ များအနေဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်၌ အသက်အသေမခံဘဲ ပြည်သူ့ဘက်သို့ အမြန်ဆုံး နည်းဖြင့် အလင်းဝင်ရောက်ကြရန် အသိပေးထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar