26 C
Yangon

အင်ဒိုနီးရှားနိုင်ငံတွင် တော်လှန်ရေးအုပ်စုမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပနေပြီး အာဆီယံ ၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂမှ သံတမန်များ တက်ရောက်နေ

Must read

🟥မြန်မာ့အရေး အစည်းအဝေးမှာ လျှို့ဝှက်ဖြစ်ပြီး သတင်းထုတ်ပြန်မှုနှင့် ဓာတ်ပုံရိုက်ခွင့်မရှိ

ရန်ကုန်၊ အောက်တိုဘာ ၄

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် တော်လှန်ရေးအုပ်စုမှ ကိုယ်စားလှယ်များပါဝင်သော မြန်မာ့အရေးဆွေးနွေးပွဲကျင်းပနေပြီး အင်ဒိုနီးရှား၊ အာဆီယံ ၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂမှ သံတမန်နှင့်ကိုယ်စားလှယ်များ တက်ရောက်နေကြောင်း AFP က သတင်းဖော်ပြသည်။

ယနေ့ အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ ကျင်းပမည့် မြန်မာ့ပြည်တွင်းစစ်အရေးနှင့်ပတ်သက်သော သံတမန်ရေးရာ ဆွေးနွေးပွဲသို့ အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များနှင့် စစ်အစိုးရ ဆန့်ကျင်ရေး အဖွဲ့များမှ အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ကြောင်း ၊ ယင်းဆွေးနွေးပွဲတွင် မြန်မာစစ်တပ်မပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အဆိုပါ အစည်းအဝေးနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများထံသို့ ဆက်သွယ်မေးမြန်းရာ အစည်းအဝေးမှာ လျှို့ဝှက်သဘောဆောင်ပြီး သတင်းထုတ်ပြန်မှုနှင့် ဓာတ်ပုံရိုက်ခွင့်မရှိသော အစည်းအဝေးဖြစ်ကြောင်း၊ မည်သူများပါဝင်ပြီး မည်သည့်သံတမန်များ တက်ရောက်သည်ကို မသိရှိရကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ကိုယ်စားလှယ်များ တက်ရောက်နေသည်ကိုသာ အတည်ပြုနိုင်ကြောင်း ပြောဆိုကြသည်။

လာအိုနိုင်ငံတွင် အောက်တိုဘာ ၆ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမီ ယင်းအစည်းအဝေးဖြစ်ပေါ်လာခြင်းဖြစ်ပြီး အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးမှာ အဓိက အရေးကိစ္စအဖြစ် ဆက်လက်ပါဝင်ဖွယ်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အာဆီယံသည် အကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးအရ တွန်းအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့ကြောင်း၊ မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံအဆင့်မြင့်အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင် တားဆီးထားကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များကို ပြင်းထန်စွာ အရေးယူရန် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က တောင်းဆိုထားပြီး ထိုင်းနိုင်ငံကမူ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ချုပ်နှောင်ခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်ထိတွေ့ဆက်ဆံခဲ့သည်။

ဓာတ်ပုံ – အာဆီယံဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့စဉ်က အင်ဒိုနီးရှားသမ္မတနှင့်အစိုးရအဖွဲ့ ပါဝင်သော အာဆီယံအခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အာဆီယံဥက္ကဋ္ဌ အဖြစ် ထမ်းဆောင်ခဲ့စဉ်က အင်ဒိုနီးရှားသမ္မတနှင့်အစိုးရအဖွဲ့ ပါဝင်သော အာဆီယံအခမ်းအနားတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article