29 C
Yangon

ဒေါက်တာဇော်မြင့်မောင်၏ ဈာပန နာရေးကို ယနေ့ နံနက် ၁၀ နာရီ တောင်အင်းမြောက်အင်းသုဿာန်တွင် သဂြိုလ်မည်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်က နာရေးလာရောက်ပြီး လွမ်းသူ့ပန်းခွေ ပေးပို့

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနနာရေးကို ဒီနေ့ အောက်တိုဘာလ ၈ရက် အင်္ဂါနေ့ မနက် ၁၀ နာရီအချိန် တောင်အင်းမြောက်အင်းသုသာန်မှာ မီးသဂြိုလ်မယ်လို့ သိရပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်မှာ ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ မနက် ၃ နာရီမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျန်းမာရေး အ‌ခြေအနေ ဆိုးရွားလာတာကြောင့် ဒေါက်ဝာာဇော်မြင့်မောင်ကို မန္တလေး အိုးဘိုထောင်ကနေ ဆေးရုံကြီး အထူးကြပ်မတ်ဆောင် (ICU) ကို ပြောင်းရွှေ့ဆေးကုသပြီးနောက် ကွယ်လွန်ခဲ့တာပါ။

စစ်ကောင်စီက ‌မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေသူဖြစ်ပြီး ကွယ်လွန်ခါနီးအချိန် အောက်တိုဘာလ ၆ ရက်နေ့‌မှာ စစ်ကောင်စီက ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဆိုတဲ့ စာကိုဆေးရုံမှာလာရောက် ဖတ်ပြသွားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် မိသားစုနဲ့အတူ ထပ်တူအထူးဝမ်းနည်းကြေကွဲရကြောင်း၊ သူရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပံ့ပိုးကူညီမှုက အိန္ဒိယနဲ့ မြန်မာ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးအတွက် စံနမူနာဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal က နာရေးကို လာရောက် လွမ်းသူ့ ပန်းခွေ ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန် အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article