30 C
Yangon

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲ ရွာမမြို့ကို စစ်ကောင်စီက လေကြောင်မှး ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က တန်းလွဲဒေသ ရွာမှရွာသစ်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့မှုကြောင့် ကလေးငယ်၂ ဦး အပါအဝင် ပြည်သူ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

တန်းလွဲရွာမ ရွာသားတစ်ဦးက ” တန်းလွဲ ရွာမရွာသစ်ကို ညဉ့် ၁၁ နာရီကျော်လောက်မှာ ဗုံး ၂လုံး လာပြီးတော့ ကြဲချ သွားပါတယ်။ ချောင်းနားရွာကို လာရောက်ကြဲချသွားတာပါ။ အိမ်တွေကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ အိမ် ၂၀ လောက် ပျက်စီးသွားပါတယ်။သေဆုံး ထိခိုက်ဒဏ်ရာရှိတာတော့ အရမ်းများတယ် “ဟုပြောသည်။

သေဆုံးသွားသည့်အထဲမှာ ကလေးငယ်၂ ဦး အပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၃ ဦး သေဆုံးခဲ့ပြီး ယင်းဒေသတွင် နှစ်ဖက်တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လာရောက် ဗုံးကြဲခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြော သည်။

တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က ပထမအကြိမ် စက်တင်ဘာ ၂၄ ရက်နေ့က ဗုံးကျဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ဦးသေဆုံးပြီး ၆ နှစ်သားအရွယ်နှင့် မိခင်အပါအဝင် ၃ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်အတွင်းက တောင်ပိုင်းဒေသ သံတွဲ၊ တောင်ကုတ်၊ ဂွဒေသများကို နေ့စဉ်ဆိုသလို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး အရပ်သားနေထိုင်ရာ မြို့ရွာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေသည်။

ဓာတ်ပုံ-APM။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article