31 C
Yangon

မူးနှင့် လယ်ဒို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ်နှင့် ၁၀၂ နှစ်အရွယ် အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊အောက်တိုဘာ ၈

ပဲခူးတိုင်း၊ မူးမြို့နယ် နှင့် လယ်ဒိုမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်နှင့် ၁၀၂ နှစ်အရွယ် အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ငတိုးခင်ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော အသက် ၁၀၂ နှစ်အရွယ် ဦးပိုတင်နှင့် အသက် ၇ နှစ်အရွယ် မအိသန္ဒာထွေးတို့ ၂ ဦး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၄လုံးပစ်ခတ်ခဲ့ရာ တမောမ ကျေးရွာဘေးကို ၂ လုံးနှင့် ထွေးနီကုန်းကျေးရွာအနီးကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ လယ်ဒိုမြို့နယ်အတွင်း အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်နှင့် ၁၀ မိနစ် ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ သစ်ဖယောင်းတန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article