31 C
Yangon

ဖားကန့်၊ ဆိုင်းတောင် Lucky Men ဟိုတယ်မှ စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ပြီးနောက် စစ်သား ၂၀ ကျော်အရှင်ဖမ်းဆီးရရှိကာ စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံး၊ လက်နက်ခဲယမ်းများရရှိပြီး ဟိုတယ်မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်တပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်အရှင်ဖမ်းဆီးရရှိပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာ တပ်စွဲထားသော ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရှိ Lucky Men ဟိုတယ် တပ်စခန်းကို KIA နှင့် PDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရရှိပြီး ၂၀ ကျော်သေဆုံးကြောင်း၊ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း တော်လှန်ရေးတပ်များက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

“ဒီမနက် Lucky Men ဟိုတယ်ကိုအပြီးသတ် ရှင်းလင်းလိုက်ပြီ။ စစ်တပ်တွေမရှိတော့ဘူး။ စစ်သားအရှင် ၂၀ ကျော်ကိုဖမ်းမိထားတယ်။ အခုထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံရှင်းနေတယ်။ ဖမ်းမိ နဲ့ သေဆုံးဆိုရင် စစ်သားအားလုံးပေါင်း ၄၀ ကျော်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်က Lucky Men ဟိုတယ်တွင် တပ်စွဲကာ ဓားစာခံ ပြည်သူများကို ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ဟိုတယ်အတွင်းမှ ၁ လကျော်ကြာ ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက ယင်းဟိုတယ်တပ်စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်ပွဲများအတွင်း ဆိုင်းတောင်ရှိ ပြည်သူ့ နေအိမ်များကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားခဲ့သော Lucky Men ဟိုတယ်မှာ မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article