ရန်ကုန်၊ အောက်တိုဘာ ၈
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ကုက္ကိုလ်ကုန်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အ ကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တံ တား ဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ကန့်ဘလူမြို့နယ်ကို ဖြတ်ပြီး ကော လင်းမြို့နယ် အရှေ့ခြမ်းရှိ ကုက္ကိုလ်ကုန်းကျေးရွာကို ဗုံးတစ်လုံး ကျဲချသွားကြောင်း၊ ထို့အပြင် လေယာဉ်ပေါ်မှ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ပြီး လာရာလမ်းအတိုင်း ပျံသန်းသွားကြောင်း သိရသည်။
“တိုက်ပွဲလည်းမရှိဘူး။ စက်လက်နဲ့ပစ်သွားတယ်၊ ဗုံးတစ်လုံးချသွားတယ်၊ ကုက္ကိုလ်ကုန်း၊ ညောင်ကုန်းတဝိုက်ပေါ့၊ ကုက္ကိုလ်ကုန်းနဲ့ညောင်ကုန်းကရွာချင်းဆက်နေတာ၊ တောင်ဘက်မြောက် ဘက် တံတားလေးပဲခြားတာ၊ ထိခိုက်မှုတော့ မကြားမိသေးဘူး။ အဲဒီမှာက စစ်ဘေးရှောင်တွေရော၊ ခရီးသည်တွေရော အများကြီးရှိတယ်။ လက်ရှိတော့ ဘာမှမကြားမိသေးဘူး။ သတင်းတက်မလာ သေးဘူး။ အဲဒီဘက်က ဖုန်းလိုင်းတွေလည်းဖြတ်ခံထားရတာဆိုတော့ သတင်းမရသေးတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိတွင် စစ်ကောင်စီက ပင်လည်ဘူးမြို့ကို လက်လွှတ်လိုက်ရသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကို ကောလင်းနှင့် ပင်လည်ဘူးတွင် အရှိန်မြှင့်တင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar