33 C
Yangon

သာစည်မြို့မှ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ဗိုလ်ချုပ်ရင်ပြင်ကို ယနေ့ နံနက် ၁ နာရီ စစ်တပ်က မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရွှေ့ယူသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားသော ဗိုလ်ချုပ်ရင်ပြင်ကို ယနေ့ နံနက် ၁ နာရီအချိန် မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို သယ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်အချိန် စစ်ကောင်စီက သာစည်တစ်မြို့လုံးကို လျှပ်စစ်မီးများ ဖြတ်တောက်ပြီး ဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ်ရင်ပြင်ကို ဖျက်ဆီးကြောင်း၊ ယင်းနောက် ဗိုလ်ချုပ်ကြေးရုပ်ကို စစ်ကားဖြင့် တင်၍ ခမရ ၄၁၉ ထဲသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

“သာစည်မြို့ ကို ဒီမနက် ၁ နာရီမှာ မီးဖြတ်တယ်။ ပြီးတော့မှ ဘက်ဟိုးကားတွေ၊ မြေကော်ကားတွေနဲ့ ဗိုလ်ချုပ်ရင်ပြင်နဲ့ ဗိုလ် ချုပ်​ကြေးရုပ်ကို ဖျက်ဆီးတယ်။ စစ်တပ်က ဗိုလ်ချုပ်ကြေးရုပ် ​အောက်​ခြေ​ Foundation ပါ မကျန် အစ​ဖျောက်သွားတာ။ ဗိုလ်ချုပ်ကြေးရုပ်ကိုတော့ ခမရ ၄၁၉ ထဲ သယ်သွားတယ်။ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ရင်ပြင်ကို ဖျက်ဆီးပြီးတော့ မနက် ၄ နာရီ မီးပြန်​ပေးတယ်။ အခု အစိမ်းစတွေ ဗိုလ်ချုပ်ရင်ပြင် တစ်ခုလုံးကို ကာထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

သာစည်မြို့ စည်သာပန်းခြံဝင်းအနီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေးတွင် အလျား ၆၃ ပေ၊ အနံ ၅၇ ပေရှိ ရင်ပြင်တွင် အလေးချိန် ကြေးချိန်ပိဿာ ၄၅၀၊ အမြင့်ကိုးပေရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် စိုက်ထူခဲ့ပြီး ကြေးရုပ်ဖွင့်ပွဲ အခမ်းအနားကို ၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – သာစည်မြို့မှ ဗိုလ်ချုပ်ကြေးရုပ်ကို အဖျက်ဆီးမခံရခင် တွေ့မြင်ရစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

သာစည်မြို့မှ ဗိုလ်ချုပ်ကြေးရုပ်ကို အဖျက်ဆီးမခံရခင် တွေ့မြင်ရစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article